Ch-69

1.9K 214 4
                                    

Unicode

အခန်း ၆၉. မွေးနေ့ဧည့်ခံပွဲ (၆)

ဂိုဏ်းများသည်အင်အားကြီးသော လူပုဂ္ဂိုလ်တစ်ခုမှမိတ်ဆက်စာရှိသော မည်သူမဆိုဂိုဏ်းဝင်ခွင့်ဖြေခြင်းတွင်ပါဝင်ခွင့်ပေးကြလေသည်။ မုစု၏အဆင့်အရသူသည် လူများကိုမိတ်ဆက်စာရေးပေးနိုင်သော်လည်း အတွင်းအားအမြစ်မရှိသောမိန်းကလေးတစ်ယောက်အားဂိုဏ်းသို့ဝင်ရန် မိတ်ဆက်စာရေးပေးသည်ကိုသိသွားခဲ့ကြလျှင် အလွန်ရယ်စရာကောင်းသောအရာဖြစ်သွားပေမည်။

တကယ်လည်းမုစုတဒင်္ဂတွေဝေသွားလေသည်။

ယဲ့ကျင့်ထန်မှာအတွင်းအားအမြစ်မရှိဘူးလား?

ယဲ့ကျင့်ထန်သည်ဘေးဘက်တွင် အသာရပ်နေလျက်သူမ၏အရာအားလုံးအားထပ်မံ၍ဖျက်စီးရန် အားသွန်ခွန်စိုက်ကြိုးစားနေသည့် အကြီးကဲကိုကြည့်ကာစိတ်ထဲတွင်ရယ်လိုက်လေသည်။

ထို့နောက်အကြီးကဲသည် ယဲ့ကျင့်ထန်နားသို့လာပြီး "ကျင့်ထန်သခင်ကြီးမုစုကသဘောထားကြီးပေမယ့် သမီးကိုယ်ကျိုးအတွက်စဉ်းစားပြီးအခုလိုစိတ်ထင်ရာကိုလုပ်လို့မရဘူးလေ။ သမီးရဲ့အခြေအနေအရ ဂိုဏ်းဝင်ခွင့်စာမေးပွဲကိုအတွင်းအားအမြစ်မရှိပဲ ဘယ်လို့မအောင်နိုင်မှာမဟုတ်ဘူး ပြီးတော့ ဒီဟာကသခင်ကြီးမုစုမျက်နှာပျက်ရလိမ့်မယ်"ဟုပြောလေသည်။

အဓိပ္ပါယ်ဖော်၍မရသောထူးဆန်းသည့် အမူအရာသည်မုစုမျက်နှာပေါ်တွင်ထင်ရှားနေလေသည်။ ယဲ့ကျင့်ထန်အားကြည့်လိုက်သည်သူသည်

"မိန်းကလေးရဲ့အတွင်းအားအမြစ်က တကယ်ပျက်စီးသွားတာလား?အတွင်းအားအမြစ်ကိုပြလိုရမလား?"ဟုမေးလေသည်။

အတွင်းအားအမြစ်အားပြခြင်းသည် လူတစ်ယောက်၏လက်ဖဝါးပေါ်တွင်အတွင်းအားအမြစ်၏ပုံစံတူအားရုပ်ဝတ္ထုအသွင်ပေါ်လာအောင်လုပ်ပြီးတခြားသူများအားပြသည့် နည်းလမ်းဖြစ်လေသည်။ ဒီနည်းလမ်းသည်အတွင်းအားအမြစ်၏ အရည်အသွေးကိုစစ်ဆေးသောနည်းလမ်းဖြစ်သည်။ အကယ်၍ယဲ့ကျင့်ထန်၏အတွင်းအားအမြစ်သည် တကယ်ပဲပျက်စီးသွားခဲ့ပါယဲ့ကျင့်ထန်သည် သူမ၏အတွင်းအားအမြစ်ကိုထုပ်ပြ၍ရမည်မဟုတ်ပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now