Ch-70

1.9K 215 2
                                    


Unicode

အခန်း ၇၀. မွေးနေ့ဧည့်ခံပွဲ (၇)
......

မုစုသည်သဘောထားကြီးနေ့သည့်ပုံ ပေါက်နေသော်လည်းတကယ်တမ်းတွင်အကယ်၍ ယဲ့ကျင့်ထန်မှာအတွင်းအားအမြစ်ကိုမရှိခဲ့လျှင်တောင်သူသည် တစ်စုံတစ်ယောက်သောသူ၏အမိန့်ကြောင့် သူယဲ့ကျင့်ထန်ကိုရှန်းလင်ဂိုဏ်းသို့မရရသည့်နည်းဖြင့် ထည့်ရမည်ကိုရှင်းလင်းစွာသိလေသည်။
(Tn- ကိုကို့အစွမ်း🤧)

မုစုစကားကိုကြားသောအခါ လူတိုင်းသည်မယုံနိုင်သော အကြည့်များဖြင့်ကြည့်ကြလေသည်။

သခင်ကြီးမုစုဘာဖြစ်လို့ အခုလိုလုပ်နေတာလည်း?

သူဘာလို့ယဲ့ကျင့်ထန်ကို လေးစားမှုဖြင့်ဆက်ဆံနေတာလဲ?

သူသည်ယဲ့ကျင့်ထန်ကို ကိုယ်တိုင်လာရောက်တွေ့သည့်အပြင် ယဲ့ကျင့်ထန်၏ရုတ်တရက်တောင်းဆိုမှုကို လက်ခံပေးပြီးနောက်သူမအားအတွင်းအားအမြစ်အရည်အသွေးကို စစ်ဆေးပေးရန်ပါဖိတ်ခေါ်လေသည်။

မုစုသည်ရာထူးမြင့်သောအဆင့်ကို ပိုင်ဆိုင်ထားသောသူဖြစ်ကြောင်းသိထားကြပြီး သူသိသောသူများထဲတွင် သာမှန်လူများဘယ်လောက်ရှိမည်နည်း?

ချက်ချင်းပင်အားကျမနာလိုသော အကြည့်များသည်တစ်ယောက်ပြီးတစ်ယောက်ထံမှကျရောက်လာပြီး အိမ်တော်တိုင်း၏လူငယ်များအားလုံးသည်ယဲ့ကျင့်ထန်ကဲ့သို့ဖြစ်ချင်နေကြလေသည်။

အခြားသောကိစ္စများထက် မုစု၏မည်သည့်ဂိုဏ်းမဆိုဝင်လို့ရရန်မိတ်ဆက်စာရေးပေးမှု သက်သက်ပင်လျှင်ရှေးဘဝပေါင်းများစွာ၏ကုသိုလ်ကံကောင်းမှုကြောင့်သက်သက်သာလျှင်ဖြစ်လေည်။

ထိုအချိန်တွင်အကြီးကဲ၏မျက်နှာမှာ လုံးဝဘီလူးသံပရာသီးစားထားသလိုဖြစ်နေလေသည်။ သူသည်ယဲ့ကျင့်ထန်တွင်အခုလို လွန်ကောင်းမွန်သောအခွင့်အလမ်းမျိုး ရလိမ့်မည်ဟုသူ ဘယ်ခါကမှမတွေးထားမိခဲ့ပေ။

ဘေးတွင်ရပ်နေသောယဲ့ရွှန်းမှာမူ ယဲ့ကျင့်ထန်အတွင်းအားအမြစ်အားပြသည်ကိုမြင်သော အချိန်ကတည်းကပင်အလွန်တိတ်လန့်နေပြီးဖြစ်လေသည်။ အခုတော့မုစု၏ရှန်းလင်ဂိုဏ်းသို့ဝင်ရန်မိတ်ဆက်စာရေးပေးမည်ဟုကတိပေးသည်ကို ကြားလိုက်ရသောအခါ ချက်ချင်းဒူးချောင်သွားပြီးသက်သောင့်သက်သာမဖြစ်တော့ပဲ သူမဘေးရှိဒဝမ်ထျန်းယောင်အား အလိုအလျောက်ကြည့်လိုက်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)حيث تعيش القصص. اكتشف الآن