Ch-84

1.4K 173 7
                                    

Unicode
...
အခန်း ၈၄.
.........

အရှင်မင်းကြီး,ကျုပ်သင့်ကို ဒီအထိပဲကူညီလို့ရမယ်နော်!

အတွင်းခန်းမှာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေလေသည်။

ယဲ့ကျင့်ထန်သည်ထိုလူအား အလုပ်ရှုပ်မခံဖို့ပြောကာ ထွက်ပြေးရန်အသင့် အခွင့်အရေးယူဖို့လုပ်ချိန်တွင် နက်နဲပြီးသာယာနာပျော်ဖွယ်ကောင်းသောစကားသံတစ်ခု အတွင်းခန်းထဲမှ ထွက်လာလေသည်။

"ကောင်းပြီ"

"..."

မုစုသည်ငိုချင်သွားလေသည်။ ဒီလိုအချိန်မှာစကားကို ရွှေလို သတ်မှတ်ပြီးခြွေတာတာမလုပ်ပါနဲ့လား အရှင်မင်းကြီးရယ်

ယဲ့ကျင့်ထန်သည် ပို၍ရှုပ်ထွေးသွားလေသည်။

"ယဲ့သခင်မလေး သင့်ရဲ့အတွင်းအားအမြစ်ကို အရင်ပြရင်မကောင်းဘူးလား?" မုစုသည်သူတို့နစ်ဦးကြား စကားမပျက်သွားစေရန် အလွန်ကြိုးစားနေလေသည်။

ဒီအချိန်တွင်သူမမည်ကဲ့သို့မျှ ထွက်ပြေးလွှတ်မြောက်ရန် မဖြစ်နိုင်တော့သည်ကို သိသောကြောင့်ယဲ့ကျင့်ထန်သည် ဆုံးဖြတ်ချက်ချပြီး သူမဘာသာသူမရဲဆေးတင်ကာ လက်များကိုဖြန့်လိုက်လေသည်။

အလင်းရောင်လေးများဖြင့်သေးငယ်သော အတွင်းအားအမြစ်ကလေးသည်ယဲကျင့်ထန်လက်ဖဝါးပေါ်တွင် ရုတ်တရက်ပေါ်လာလေသည်။

"အရှင်မင်းကြီး သခင်မလေးယဲ့ရဲ့မူလအတွင်းအားအမြစ်ကပျက်သွားပြီး ဒါကသူမပြန်ပေါက်အောင် လုပ်ထားတာတဲ့အတွင်းအားအမြစ်အသစ်ပါ။ ဒီအတွင်းအားအမြစ်မှာ တစ်ခုခုချို့ယွင်းနေတာများရှိလားမသိဘူး..."မုစုသည်ထပ်မံ၍ပြောလေသည်။

အတွင်းခန်းထဲတွင်ဟန်ချန်းမင်သည် ယဲ့ကျင့်ထန်လက်ထဲရှိအတွင်းအားအမြစ်ကို ကြည့်လိုက်သောအခါ အနည်းငယ်မျက်မှောင်ကြုပ်သွားလေသည်။

တခြားသူတွေမသိပေမယ့် နတ်ဆိုးနှလုံးသား၏အသိဉာဏ်က ထိုနှလုံးသားရဲ့အစွမ်းတွေကိုအသုံးချပြီး ယဲ့ကျင့်ထန်အား အတွင်းအားအမြစ်ထပ်မံပေါက်လာရန် ကူညီပေးခဲ့ကြောင်းသူရှင်းလင်းစွာသိလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now