Ep-56

2.2K 232 7
                                    

Unicode

အခန်း ၅၆. တိုက်ခိုက်ခြင်း (၂)
....

ယဲ့လင်းလည်းမျက်လုံးများကျယ်သွားပြီး စိတ်ထားကောင်းချင်ယောင်ဆောင်နေသော ယဲ့ရွှန်းအားကြည့်လိုက်လေသည်။

သူကိုယ်တိုင်ပြုစုပြိုးထောင်ခဲ့သော မိဘမဲ့ကလေးလေးသည် တကယ်တမ်းအသည်းနှလုံးမရှိသည့် ကောက်ကျစ်တဲ့သူဖြစ်နေမည်ဟုသူဘယ်သောအခါမှထင်မထားခဲ့ပေ။

"အိမ်တော်အရှင်သခင် ရွှန်းပြောတာကလက်တွေ့ကျပါတယ်။ အိမ်တော်ရဲ့အရှင်သခင်တစ်ယောက်အနေနဲ့ အိမ်တော်အကျိုးစီးပွားနဲ့လုံခြုံရေးအတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ ခင်ဗျားအရမ်းစိတ်ပျော့ပြီး တုံ့ဆိုင်းနေလို့မဖြစ်ဘူး။

ဒုတိယအကြီးကဲကအခုလိုလုပ်ရပ်မျိုးကိုကျူးလွန်ခဲ့တာ၊ ဒါကိုခင်ဗျားကကာကွယ်ပေးနေမယ်ဆိုရင်ယဲ့အိမ်တော်ကအရှက်ကွဲမယ့်အပြင် အိမ်တော်မှာရှိနေတဲ့အချို့သောသူတွေကို ဒုက္ခရောက်ထိခိုက်စေလိမ့်မယ်။ အခုသင်လုပ်နေတာက အိမ်တော်အရှင်သခင်တစ်ယောက်လုပ်သင်တဲ့လုပ်ရပ်မျိုးမဟုတ်ဘူးလို့ကျုပ်စိုးရိမ်တယ်...." ဟုဒဝမ်အကြီးကဲမှ ဒေါသထွက်နေသောယဲ့လင်းအားကြည့်၍ပြောလေသည်။

"ငါကယဲ့အိမ်တော်ရဲ့သခင် ပြီးတော့ ဒုတိယအကြီးကဲကယဲ့အိမ်တော်ရဲ့လူတစ်ယောက်။ သူအပြစ်ရှိတာမရှိတာကိုငါပဲဆုံးဖြတ်မယ်။ ဒဝမ်အိမ်တော်ဖြစ်တဲ့ခင်ဗျားတို့ဝင်ရောက်စွက်ဖက်စရာအကြောင်းမရှိဘူး"ဟုယဲ့လင်းအေးစက်စွာဖြင့်ချက်ချင်းပြန်ပြောလေသည်။

"ဦးလေးယဲ့ပြောတာထဲမှာ တစ်ခုခုမှားနေတယ်။ ယဲ့အိမ်တော်နဲ့ကျတော်တို့ဒဝမ်အိမ်တော်နစ်ခုလုံးကလင်မြို့က အိမ်တော်ကြီးသုံးခုထဲမှာပါဝင်နေတာ။ အကယ်၍ယဲ့အိမ်တော်ကဒီကိစ္စနဲ့ပက်သက်ပြီး အခုလိုပြဿနာမျိုးရှိနေမယ်ဆိုရင် ဂုဏ်ပုဒ်တူနေနဲ့ဒဝမ်အိမ်တော်ရဲ့ဂုဏ်ကိုမထိခိုက်နိုင်ဘူးလား? ဟုဒဝမ်ထျန်းယောင်ပြောလေသည်။

"ဒီကိစ္စမှာမင်းဘာမှဝင်ပါပြီးပြောခွင့်မရှိဘူး"ဟုယဲ့လင်း ဒေါသထွက်ကာပြောလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now