Ep-109

803 68 3
                                    

Unicode
...
အခန်း ၁၀၉. ဓားစက်စည်း
...

ယဲ့ကျင့်ထန်သည်သူတို့နစ်ယောက်တည်းသာ ကြားရလောက်သောလေသံကိုအသုံးပြုကာ "စည်းတည်ဆောက်မှုတစ်ခုမှာ ဖျက်စီးဖို့အတွက်ဗဟိုချက်တစ်ခုရှိလေ့ရှိတယ်။ ဒါပေမယ့်ဓားစက်စည်းမှာတော့ဒီလိုမဟုတ်ဘူး။ ဆိုတော့ဒီစည်းကဖျက်စည်းပစ်လို့မရဘူး" ဟုပြောလေသည်။

"ကျောက်တုံးထဲကဓားက ဗဟိုချက်မဟုတ်ဘူးလား?" ယွင့်ရှုသည်စည်းတည်ဆောက်မှုနင့်ပက်သက်၍သိပ်ပြီးရင်းနီးမှုမရှိချေ။

"အဲ့လိုမဟုတ်ဘူး" ယဲ့ကျင့်ထန်ခေါင်းခါလိုက်ကာပြုံးလိုက်လေသည်။

ယွင့်ရှုနှင့်ယဲ့ကျင့်ထန်တို့စကားပြောနေစဉ်တွင် လူလတ်ပိုင်းလူကြီးသည်ထိုနေရာသို့ရောက်လာလေသည်။

"ဓားစက်စည်းကမင်းတို့စည်းထဲမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာကိုစစ်ဆေးလိမ့်မယ်" ထိုလူကြီးသည်ရုပ်တည်ကြီးဖြင့်ပဲ ပြောလေသည်။ ဒီအရာသည်လဲ ရိုးရှင်းပြီးဘာသဲလွန်စမှပေးမထားသော ရှင်းပြမှုတစ်ခုဖြစ်လေသည်။

ဖြေးဆိုသူများအားလုံးသည်စည်းမျဉ်းများကြောင့် ရှုပ်ထွေးနေကြလေသည်။ အခုနလေးကပဲခန့်မှန်းမရသော ပုံရိပ်နယ်မြေစည်းကြောင့်ကျရှုံးခဲ့ကြလေသည်။ သူတို့စစ်ဆေးမှုများ၏နည်းလမ်းများကို လုံးဝအဖြေရှာ၍မရပေ။

ထပ်ပြီးတော့အချိန်နဲ့ ပက်သက်ပြီးတော့စစ်ဆေးပြန်တာလား......

ဒီတစ်ခါလည်းထပ်ပြီးတော့နတ်ဆိုးသားရဲတွေရှိအုံးမှာလား?

"ဒီတစ်ခါအရည်အသွေးပြည့်မှီဖို့က မင်းတို့ဓားစက်စည်းထဲမှာဘယ်လို အခြေအနေရှိမလဲဆိုတာနဲ့ဆုံးဖြတ်မှာဖြစ်တယ်။ မင်းတို့ကိုယ့်ဘာကိုလက်လျော့အရှုံးပေးလို့မရတော့ဘူး။ တကယ်လို့စည်းကြောင့် မင်းတို့ဒါဏ်ရာရတာနဲ့ စစ်ဆေးမှုပြီးဆုံးမယ်" ဟုထိုလူကြီးသည်ဘေးသို့လျောက်သွားကာထပ်မံ၍ပြောလေသည်။

စည်းကြောင့်ဒါဏ်ရာရနိုင်တယ်?

ဖြေဆိုသူများသည် အဓိကအချက်ကိုမှတ်လိုက်ကြလေသည်။

သို့သော်လည်းဘာမှရှိနေသောစင်ကြီးကို ကြည့်လိုက်ကြသောအချိန်တွင်ဒီစစ်ဆေးမှု၏ရည်ရွယ်ချက်ကိုသူတို့အဖြေရှာ၍မရကြပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now