၂၃၄။ "စတုတ္ထရိုက်ချက် - ၂"

Começar do início
                                    

အနက်ရောင်သားရဲကြီးက မြေပေါ်တွင် ကုတ်ချောင်းချောင်းသွားသည်။ သူက ရန်သူများကို တိုက်ခိုက်ဖို့ စိတ်မဝင်စားဘဲ သူ့ ပစ်မှတ်အနီးသို့သာ သွားသည်။

မဲနယ်ရောင်ဝိညာဉ်စွမ်းအားရှင်က ဂျန်ဝုရှီကို ကြည့်လိုက်သည်။ သူက အခြားအပြာအရောင်ဝိညာဉ်စွမ်းအားရှင်သုံးယောက်နှင့် ပူးပေါင်း၍ ဂျန်ဝုရှီထံ ပြေးဝင်သွားသည်။ သည်မိန်းကလေးငယ်က သည်အုပ်စုကို အမိန့်ပေးသူမှန်း သူတို့က ရှင်းရှင်းလင်းလင်း သိကြသည်။ မြွေကို သတ်ချင်လျှင်, ခေါင်းကို ဖြတ်ရမည်မဟုတ်လော။ သူတို့သာ သည်မိန်းမငယ်လေးကို သတ်ဖြတ်ပစ်နိုင်လျှင်, လူငယ်နှင့် အနက်ရောင်သားရဲကြီးက ပြိုလဲသွားကြလိမ့်မည်။

သို့သော် သူတို့က ဂျန်ဝုရှီနောက်တွင် ရပ်နေသော အရပ်ရှည်ရှည်နှင့် ချောမောသည့် လူငယ်ကို လုံးဝ အထင်သေးနေကြသည်။

ဂျန်ဝုယောင်းက သည်တစ်ချိန်လုံး ပြုံးနေသည်။ ဂျန်ဝုရှီထံ ခုန်ဝင်လာသည့် လူလေးယောက်ကို ကြည့်နေရင်း, သူ့မျက်ခုံးက အနည်းငယ် တွန့်တက်သွားသည်။ မဲနယ်ရောင်စွမ်းအားရှင်က ဂျန်ဝုရှီကို ထိခါနီးတွင်, သူက ဂျန်ဝုရှီကို လက်တစ်ဖက်ဖြင့် ဖက်ပြီးလျှင် သူက လေထဲသို့ ခုန်တက်သွားသည်။ သူ့ လှုပ်ရှားမှုက ကြော့မော့ပြီး ပြေပြစ်သည်။

“ငါ့ချစ်ချစ်လေးရဲ့ အဝတ်အစားတွေကို မင်းတို့ ညစ်ပတ်တဲ့ လက်တွေနဲ့ မထိနဲ့။” ဂျန်ဝုယောင်းက အပြုံးဖြင့် ခနဲ့တဲ့တဲ့‌ ပြောသည်။ သို့သော် သူ့အပြုံးက မျက်လုံးထဲထိ မရောက်ပေ။

မဲနယ်ရောင် စွမ်းအားရှင်က လိုက်ခုန်တက်လာသည်။ သူ့မျက်လုံးများက ဆွဲဆောင်အားကောင်းသည့် ဂျန်ဝုယောင်း၏ မျက်နှာပေါ်တွင် စူးစိုက်ထားသည်။

ဂျန်ဝုယောင်းက သူ့လက်ချောင်းကို အသာအယာ လှုပ်လိုက်သည်။ အနက်ရောင် အမျှင်တန်းများက လိုက်လာသည့် လူလေးယောက်၏ မျက်နှာများသို့ အလင်းတန်းလို လျင်မြန်စွာ ပြေးဝင်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora