Real World 7 End

1.9K 116 8
                                    

Unicode

မိုင်လေးက လဲလျောင်းနေသည့် Nolan ရဲ့မျက်နှာကို လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ..

“မင်းကို ‘သက်ရှိရုပ်သေးအစီအရင်’ သင်ပေးမိခဲ့တာ ငါ့အမှားပဲ..”

ထိုစကားကိုကြားသည်နှင့် Jaden ၏ခန္ဓာကိုယ်က မသိမသာ တုန်ယင်သွားခဲ့သလို နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ သူ့ရဲ့မျက်ဝန်းများက ပိုမိုပြူးကျယ်လာခဲ့ပြီး တစ်စုံတစ်ရာကို မှတ်မိသွားသည့်ဟန်။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာခဲ့၏။

“ဆ….ဆရာ..!”

မိုင်လေးက ဘာမှပြန်မပြောပဲ အပြုံးတစ်ခုသာ ပေးလိုက်သည်။

“မင်းလိမ်နေတာ.. Coal ပြောပြထားတာမလား..? အဲ့လောက်နဲ့ လှည့်စားလို့ရမယ် ထင်နေတာလား..?” Jaden က Coal ဘက်သို့ လှည့်ကြည့်လိုက်ပြီး “Coal.. မင်းကိုကို့ကို မုန်းနေတာသိတယ်.. ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်ကို မင်းရဲ့သခင်အဖြစ် သတ်မှတ်လိုက်တာလား..? အရင်တုန်းကအကြောင်းတွေကို လိုက်ပြောပြထားတာလား..?”

Coal လေးက အထင်သေးစွာ နှာမှုတ်လိုက်ပြီး..

“အဲ့လောက် တုန်လှုပ်မနေနဲ့..”

Coal လေး၏အပြုအမူကြောင့် Jaden တစ်ယောက် မကောင်းသည့်အငွေ့အသက်များကို ခံစားလိုက်ရသည်။ သူ့ရဲ့လက်ဖဝါးများက အေးစက်သွားခဲ့သလို အကြောက်တရားတစ်ခုက သူ့ရဲ့နှလုံးသားအောက်ခြေသို့ စိုးမိုးလာခဲ့တော့သည်။

အတော်ကြာတိတ်ဆိတ်သွားခဲ့ပြီးနောက် Jaden က လက်ဆီးဆုပ်ကာ တုန်ယင်နေသည့်စိတ်ကို ဖုံးကွယ်ရင်း...

“အဲ့တော့ဘာဖြစ်လဲ..? ခင်ဗျားရဲ့လက်ရှိမောင်လေးကို မသေစေချင်ရင် ကျုပ်တောင်းဆိုတာကို လုပ်ပေးရမှာပဲ..”

“အို့.. တောင်းဆိုချင်တာလား..? ပြောကြည့်လေ နားထောင်ပေးမယ်..”

မိုင်လေးက ခပ်လှောင်လှောင် ရယ်မောလိုက်သည်။

Jaden က မျက်မှောင်ကြုတ်လိုက်ပြီး..

“ကျုပ်ကို Coal နဲ့အတူ ထွက်သွားခွင့်ပေး.. အဲ့တာဆို ဟိုကောင်လေးရဲ့ဝိဉာဉ်ကို ပြန်ပေးမယ်..”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now