Our Fate

3.6K 290 1
                                    

Unicode

"ဟိုလေ.. နောက်ကလူတွေကိုမျက်ခြေပြတ်ပြီဆိုတော့
အစ်ကိုပွေ့ထားရတာ ညောင်းနေမှာပေါ့.. ညီမဘာသာပဲ လမ်းလျှောက်လိုက်ပါ့မယ်"

သူက ခနတွေဝေသွားပုံရသည်။ သူမကို မြေပြင်ပေါ်အသာချပေးပြီး ကျောခိုင်းဒူးထောက်လိုက်သည်။

"ကျောပေါ်တက်.. အရှေ့မှာ အဆောက်အအုံဟောင်းတစ်ခုရှိတယ်.. အဲ့ကို အရင်သွားကြတာပေါ့"

အမိန့်ပေးနေတာမဟုတ်ပေမယ့် ငြင်းဆန်နိုင်စွမ်းကင်းမဲ့စေတဲ့ သူ့ရဲ့အသံ...

"ဟုတ်"
ဒီနေရာမှာ ပထမဆုံးသိခဲ့ရတဲ့ထိုလူသားကို ယုံကြည်အားကိုးနေမိပြီထင်ပါရဲ့။

ခနကြာတော့ စွန့်ပစ်ထားတာကြာပြီဖြစ်တဲ့ အဆောက်အအုံဟောင်းတစ်ခုကို တွေ့လိုက်ရသည်။

ဒီညတော့ ဒီမှာနေရတော့ပဲ။ ဟိုလူစိမ်းကိုလည်း အရင်စပ်စုဦးမှဖြစ်မယ်။ ဘယ်ကိုရောက်နေသလဲဆိုတာကို အရင်သိအောင်လုပ်ရမယ်။

ထိုအဆောက်အအုံက အိမ်အလွတ်တစ်လုံးဖြစ်ပြီး မည်သည့်ပရိဘောဂမှမရှိပါချေ။ ထိုလူက သူမကို အသာအယာအောက်ချပေးလိုက်ပြီး...

"ဒီမှာခနနားနေဦး.. ကိုယ်မီးအလင်းရောင်ရနိုင်မယ့်ပစ္စည်းမျိုး သွားရှာကြည့်ဦးမယ်.. မကြောက်နဲ့နော် ကိုယ်ဒီနားတင်သွားရှာမှာ"

ထိုသူက အိမ်ထဲမှာပတ်ရှာခဲ့ပြီးနောက် တခနကြာတော့ မီးအိမ်တစ်လုံးကို ယူဆောင်လာခဲ့သည်။

"အရင်အိမ်ရှင်တွေ ကျန်ခဲ့တာဖြစ်မယ်။ သုံးလို့ရသေးတယ်"

"ဟုတ်"

"ဘာလို့ လမ်းမလည်ခေါင်ကြီးရပ်နေတာလဲ..? ကိုယ်နဲ့သာ,မတွေ့ရင် မင်းအသတ်ခံရလိမ့်မယ်.. အသတ်ခံရတာ တော်သေးတယ်.. မင်းလို ငယ်ငယ်ရွယ်ရွယ်အလှလေးသာ သူတို့လက်ထဲရောက်သွားရင် ဘာဖြစ်သွားမယ်ထင်လဲ..?"

သူမကို အလှလေးလို့ပြောတော့ နည်းနည်းရှက်သွားမိသည်။

"ဒါနဲ့လေ ဒီနေရာက ဘယ်နေရာလဲဟင်..? Ah.. Sorry, ညီမ ဘယ်နေရာရောက်နေမှန်းသေချာမသိလို့ပါ"

"မြို့A နဲ့B ကြားလေ"

ဟမ် ငါတို့မြို့နဲ့ နီးနီးလေးပါလား..? ဘာလို့ ငါမသိတာလဲ..?

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now