5.17

1.5K 181 5
                                    

Unicode

မိုင်လေး အရှုပ်ထုပ်နှစ်ယောက်ကို ရှင်းပြီးသည်နှင့် Zee ဆီအမြန်ပြန်သွားရန်ပြင်လိုက်သည်…

ယခုအချိန် သူမစိတ်ထဲရှိသည့် တစ်ခုတည်းသော အရာက Zee ရှိရာ အပြေးသွားပြီး နာကျင်မှုသက်သာအောင် ထွေးပွေ့ပေးထားဖို့ပင်….

Devil-I နယ်မြေ …တောတွင်းတစ်နေရာ…..

ခပ်လှမ်းလှမ်းမှာမြင်နေရသည့် သူမတို့ရဲ့ အသိုက်အမြုံအိမ်လေးကို ငေးမျှော်ကြည့်ရင်း မိုင်လေးရဲ့ ခြေလှမ်းတို့က ပိုသွက်လာပြီး အပြုံးတို့က ဝေဆာနေခဲ့သည်….. သူတို့အတွက် အတူနေနိုင်ဖို့ အချိန်နည်းနည်း ပိုရလာခဲ့ပြီလေ….

“မိုင်လေး… သတိထား…”

မိုင်လေး အပြုံးတို့က ရပ်တန့်သွားရ၏… သူမခြေထောက်ကို မြေကြီးပေါ်မှ ကြွ၍မရတော့… ပြင်းထန်သည့် စွမ်းအားတစ်စုံတစ်ရာက သူမကို မလှုပ်နိုင်အောင် မြေကြီးနှင့် ဖိကပ်ထားလေသည်…

မိုင်လေး ချီစွမ်းအင်ကို စုစည်းဖို့ရာ ချက်ချင်း လုပ်လိုက်ပေမယ့် Jameson တို့ကို ထိန်းချုပ်ထားရန်အတွက် အစီအရင်ရေးဆွဲသည့်အချိန်တုန်းက စွမ်းအားအလွန်အကျွန်သုံးခဲ့မိတာကြောင့် ခန္ဓာကိုယ်အတွင်းမှ သွေးကြောများက အုံကြွလာပြီး လည်ပင်းတစ်လျှောက် ပျို့တက်လာတော့သည်….

အနီရောင်သွေးများက မြေကြီးအပေါ်ကို ပတ်ဖြန်းမိသွားတော့တယ်… ခန္ဓာကိုယ်ကလည်း ယိုင်နဲ့စွာဖြင့် ဒူးထောက်ကျသွားတော့သည်…

“မိုင်လေး… ပြောသားပဲ… တခြားကမ္ဘာက အစီအရင်ကို သုံးလို့မရပါဘူးဆိုတာကို…
အခု‌တော့ ပြန်ထိပြီမလား….”

“Coal စုတ်.. ခနတိတ်တိတ်နေဦး… ဒီမှာ ငါသေတော့မယ်ဟဲ့…”

မိုင်လေး Coal လေးနဲ့ ရန်ဖြစ်နေရင်း ချိုးချိုးချွတ်ချွတ်မြည်သံကို ကြားလိုက်ရတာကြောင့် ခေါင်းမော့ကြည့်လိုက်တယ်..

“ဖြောင်း…ဖြောင်း…ဖြောင်း….”

လက်ခုပ်တီးသံနှင့်အတူ သစ်ပင်တစ်ပင်ပေါ်က ခုန်ချလာသည့် ဇာတ်လိုက်မ…. ခပ်လှောင်လှောင် အပြုံးဖြင့် အမုန်းများ ပြည့်လျှံနေသည့် မျက်ဝန်းတွေက မိုင်လေးကို ပြာချလုမတတ်….
အောင်နိုင်သူလို ခြေတစ်လှမ်းချင်းကြွကြွရွရွဖြင့် မိုင်လေးဆီကို လျှောက်လာတာကြောင့် မိုင်လေး နာကျင်မှုကို သည်းခံပြီး မတ်တပ်ရပ်လိုက်တယ်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now