Real World 2

1.1K 112 3
                                    

Unicode

ညနက် ၁၀ နာရီခန့်..

အခန်းတစ်ခုအတွင်း၌ Laptop Screen ပေါ်မှ ဓာတ်ပုံများကိုကြည့်ရင်း ကောင်လေးတစ်ယောက်က လက်သီးဆုပ်လိုက်သည်။

“လူလိမ်ကြီး.. ပြောတော့ ချစ်တယ်ဆိုပြီး ပျောက်သွားပြန်ပြီ..”

Nolan က Laptop ကို ပိတ်ချပစ်လိုက်ပြီး ရက်အတော်ကြာအောင် ပျောက်ကွယ်နေသည့် သူတစ်ယောက်သာမြင်နိုင်သည့် လူသားလေးကို လွမ်းဆွတ်နေခဲ့သည်။

ချစ်သူတွေမဖြစ်ခင်က ဘယ်ကလာမှန်းမသိ၊ ဘယ်ကိုထွက်သွားတတ်မှန်းမသိ၊ အမြဲလိုလို ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတတ်ပေမယ့် ဝင်မစွက်ဖက်ခဲ့ဘူး။ သူနဲ့မသက်ဆိုင်သေးတဲ့ လူသားလေးကိုး။ အခုတော့ နှစ်ဦးသဘောတူ ချစ်သူတွေဖြစ်နေကြပြီလေ။ အိပ်ရာနိုးလာတဲ့အချိန်မှာ သူ့ရဲ့ရင်ခွင်ကြီးက အေးစက်နေခဲ့ပြီ။ ထွက်သွားတဲ့အချိန် သူ့ကို ဘာလို့မပြောသွားရတာလဲ..?

၁ လ…

ဒီနေ့နဲ့ဆို အဲ့လူကြီးထွက်သွားတာ ၁ လပြည့်ပြီ..!

နောက်တစ်ယောက် ရှိနေတာတော့ မဟုတ်လောက်ဘူးမလား..?

လှည့်စားခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်လို ဘာလို့ခံစားနေရတာပါလိမ့်..?

သူ့ရဲ့အဖြစ်က လင်ယောက်ျားပြန်လာမှာကို မျှော်လင့်နေရတဲ့ တိတ်တိတ်ပုန်းဇနီးလေးလိုပဲ..!

ဒီတစ်ခေါက် ပြန်ရောက်လာမှ ထပ်ပြီးထွက်သွားလို့မရအောင် အခန်းထဲမှာ ဖမ်းချုပ်ထားပစ်ရမယ်..!!!

သူ့ကိုဂရုမစိုက်သည့် လူကြီးအကြောင်း‌ကို တွေးတောရင်း စိတ်မောပန်းစွာ ခုတင်ပေါ်သို့ ပက်လက်လှဲချလိုက်သည်။ ထိုအခန်းက သူ့အပိုင်အိပ်ခန်းဖြစ်သော်လည်း လူကြီး၏အငွေ့အသက်များက နေရာတိုင်းလိုလို ပြည့်နှက်နေတော့သည်။

အခုအချိန်မှာ လူကြီးသာရှိနေခဲ့ရင် သူ့ရဲ့လက်မောင်းပေါ်မှာ အိပ်စက်နေမှာ။ ရုပ်တည်ကြီးနဲ့ လူကြီးဆန်တယ်ထင်ရပေမယ့် အိပ်ပျော်သွားတဲ့အချိန်ဆို ဟမ်းစတား (Hamster) လေးလိုပဲ။ ပါးဖောင်းဖောင်းလေးနဲ့ ရင်ခွင်ထဲကို အတင်းတိုးဝင်တတ်တယ်။ သူ့ရဲ့ခါးကိုလည်း တစ်ခါတစ်လေ ဖက်တွယ်ထားတတ်သေးရဲ့။

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now