9.18

1.1K 113 8
                                    

Unicode

“ဂျိမ်း.. ဂျလိန်း..”

ရုတ်တရက်မှိုင်းညှို့လာသည့် မိုးကြိုးတိမ်တိုက်များကြောင့် မော့ချီတစ်ယောက် ပြာယာခတ်သွားရသည်။

ဒီတစ်ချက်ကို သူမေ့သွားခဲ့တယ်။ ရတနာလေးက လူသားအစစ်မဟုတ်ဘူးဆိုပေမယ့် အဆင့်တက်ရင် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရဦးမှာပဲ။ နတ်ဝိဇ္ဇာအဆင့်ရောက်တဲ့လူတိုင်း တွေ့ကြုံရမည့်ကိစ္စဆိုပေမယ့် သူမလေးနာကျင်နေမှာကိုတွေးမိလိုက်တော့ ဘာကြောင့်ရယ်မသိ သူ့ရဲ့ရင်ဘတ်တစ်ခုလုံး အသက်ရှူကြပ်သလို မွန်းကျပ်လာရသည်။

ရုတ်တရက် ထူးဆန်းသည့်မှတ်ဉာဏ်များက ဦးနှောက်ထဲကိုတိုးဝင်လာခဲ့ပြန်သည်။ မဟူရာတောအုပ်နဲ့ မိုးကြိုးတွေကြားက ပုံရိပ်လေးနှစ်ခုမှစတင်၍ မတူကွဲပြားသောစုံတွဲများ၏ အမျိုးမျိုးသောသေဆုံးခြင်းများကို ကိုယ်တိုင်ကြုံတွေ့နေရသလို မြင်တွေ့လိုက်ရတာကြောင့် မော့ချီလည်း ဒူးထောက်ကျသွားတော့သည်။

သို့သော်ငြား အသံမထွက်အောင် ကိုယ့်ကိုယ်ကိုပြန်လည်ထိန်းသိမ်းလိုက်သည်။ သူမလေးရဲ့ကျင့်ကြံခြင်းကို နှောင့်ယှက်မိသွားလို့မဖြစ်ဘူး။ အဆင့်တက်နေတဲ့အချိန်မှာ စိတ်ပျံ့လွင့်သွားရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်။

မော့ချီလည်း အံတင်းတင်းကြိတ်ပြီး နာကျင်နေသည့်ဦးခေါင်းကိုကိုင်ကာ အခန်းထောင့်နားသို့သွားလိုက်သည်။ သိပ်မကြာခင်မှာပဲ လှိုဏ်ဂူရဲ့ခေါင်မိုးထက်၌ မိုးကြိုးတိမ်တိုက်များ စုစည်းလာခဲ့ပြီး မိုးကြိုးကပ်ဘေးစတင်ခဲ့တော့သည်။ မိုးကြိုးများက ရေခဲမီးတောက်ခုတင်ပေါ်မှာထိုင်နေသည့် အနှီးမိန်းကလေးကို တစ်ချက်ပြီးတစ်ချက် ပစ်ခွင်းနေတော့၏။

သူမလေးမျက်နှာတစ်ချက်မဲ့သွားတိုင်း မော့ချီရဲ့နှလုံးသားက သူမနဲ့ထပ်တူ နာကျင်နေခဲ့မိသည်။ သူ့အနေနဲ့ တစ်စုံတစ်ယောက်ကို ဒီလောက်ထိချစ်မိသွားလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။ အခုတော့ သူ့ကိုယ်သူထိန်းချုပ်လို့မရအောင် ဖြစ်နေခဲ့ရပြီ။

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now