8.4

1.3K 168 10
                                    

Unicode

နန်းတွင်းပုံပြင်တွေက လှပပေမယ့် နောက်ကွယ်မှာ လူမဆန်တဲ့အကြောင်းအရာတွေ ပြည့်နှက်နေတာ အမှန်ပဲ.. မိုင်လေး စာရွက်ကို ဘေးချလိုက်ပြီး လူယုတ်မာတစ်ယောက်လို ပြုံးလိုက်တယ်.. ထို့နောက် လက်ထဲကိုင်ထားသည့် ရေနွေးကြမ်းခွက်ကို စားပွဲပေါ်အသာချလိုက်ကာ ပြတင်းပေါက်ဘက်ကို မျက်နှာမူလိုက်ပြီး..

“အပြင်ကတစ်ယောက် သွားတော့မလို့လား.. ချောင်းလို့ဝရင် အထဲဝင်လာခဲ့..”

တစ်လောကလုံး တခန တိတ်ဆိတ်သွားခဲ့၏..

အခန်းအပြင်မှလူက ကျောက်ရုပ်တစ်ရုပ်လို ရပ်နေပေမယ့် စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူသံပြင်းပြင်းကို မိုင်လေးအတိုင်းသား ကြားနေရတယ်.. ကျင့်ကြံရေးလောကကို ရောက်ဖူးခဲ့တာက တကယ့်ကို အသုံးဝင်တာပဲ..

“ဝင်မလာရင် နောက်ရက်တွေ အသက်ရှူဖို့မစဉ်းစားနဲ့တော့..” မိုင်လေး စာရွက်လေးကို အသာခေါက်သိမ်းရင်း အပြင်ကလူကို ခြိမ်းခြောက်လိုက်တယ်.. မလှုပ်ရှားတာနဲ့ပဲ သူမ,မသိတော့ဘူးလို့ ထင်နေတာလား??? ဘယ်လောက်နုံအလိုက်သလဲ…

အချိန်အနည်းငယ်ကြာတော့ အခန်းထဲသို့ လူတစ်ယောက် ချီတုံချတုံအမူအယာဖြင့် ဝင်လာခဲ့သည်။ ထိုသူကား သူမနန်းဆောင်ရဲ့ တစ်ဦးတည်းသော အစေခံမိန်းကလေးပင်.. အံ့သြစရာတော့မရှိဘူး.. ခန့်မှန်းထားပြီးသားဆိုတော့...

“နာမည်?”

“ဟမ်..” ထိုမိန်းကလေးက မိုင်လေးကို ထူးဆန်းသလို စိုက်ကြည့်လာခဲ့သည်.. သူမရဲ့အကြည့်ထဲ၌ အထင်သေးခြင်းနဲ့ အနည်းငယ် စိုးထိတ်နေသည့် ခံစားချက်များ ရောယှက်လို့နေ၏…

“နှစ်ခါမေးရအောင် မလုပ်နဲ့”

“ကျားယီလို့ခေါ်ပါတယ်..”

မိုင်လေး ရေနွေးကြမ်းကို တစ်ကျိုက်တည်းမော့ချလိုက်ပြီး ရေနွေးပန်းကန်လုံးလေးကို လက်ဖြင့်အသာပွတ်ချေပစ်လိုက်တယ်။ အခုလေးတင် ပုံစံခွက်အဖြစ်ရှိနေတဲ့ ရေနွေးပန်ကန်လုံးလေးက စက္ကန့်ပိုင်းအတွင်း မြေမှုန်အဖြစ်သို့ ကူးပြောင်းသွားတော့သည်။ ထို့နောက် မျက်လုံးပြူးနေသည့် မိန်းကလေးကို နူးညံ့စွာ ပြုံးပြလိုက်ပြီး..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now