10.5

1.1K 137 10
                                    

Unicode

“ချွင်.. ချွင်”

မှိန်ပျပျအလင်းသာရှိသည့် အခန်းကြီးတစ်ခုအလယ် ကုတင်တစ်လုံးနှင့် ထိုခုတင်ထက်မှာ ချည်နှောင်ခံထားရသည့် မိန်းကလေးတစ်ဦး။ မေ့မျောနေရာမှ အိပ်မက်ယောင်နေသည်ထင့်။ တချက်လူးလွန့်လိုက်တာကြောင့် သူမရဲ့ခြေထောက်နဲ့လက်၊ ပြီးတော့ လည်ပင်းမှာ ချည်နှောင်ထားသည့် သံကြိုးများက အချင်းချင်းပွတ်တိုက်သွားပြီး တချွင်ချွင်မြည်သံများ ထွက်ပေါ်လာခဲ့တော့သည်။

[မင်းရဲ့ Mission ကျဆုံးသွားပြီ.. အခု မင်းရဲ့ခန္ဓာကိုယ်က ငါတို့အပိုင်ပဲ.. ဟား..ဟား]

[မဟုတ်ဘူး.. မဟုတ်ဘူး.. ရှင်တို့ ကျွန်မရဲ့ခန္ဓာကိုယ်ကို မထိနဲ့.. မထိနဲ့လို့ပြောနေတယ်….]

ထိုအခန်းရဲ့ထောင့်မှာတော့ စာပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးရှိနေပြီး ထိုင်ခုံတစ်လုံး၌ လူတစ်ယောက်ထိုင်နေလေသည်။ ထိုသူက ခုတင်ထက်မှာ လဲလျောင်းနေသည့် မိန်းကလေးကို တွေဝေငေးမောစွာ စိုက်ကြည့်နေရင်း သူရဲ့လက်ထဲမှ အရက်ခွက်ကို တရှိန်ထိုး မော့ချလိုက်သည်။

“မဟုတ်ဘူး.. မထိနဲ့.. မထိနဲ့.. ဟင့်..”

တိုးညင်းသည့် ညည်းတွားသံက အခန်းလေးအတွင်း၌ ပဲ့တင်ထပ်နေတော့၏။ ထိုလူရဲ့လှုပ်ရှားမှုက တခနရပ်တန့်သွားခဲ့ပြီး အရက်ခွက်ကိုချကာ ထိုမိန်းကလေးအနားကို မနှေးမမြန်သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။ သူမရဲ့ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပေမယ့် သူ့ရဲ့မျက်ဝန်းများက စိတ်အာရုံလွင့်နေသည့် လူတစ်ယောက်အလား။

အတော်ကြာအောင် တွေဝေငေးမောနေခဲ့ပြီး သူ့ရဲ့အကြည့်တွေက သူမရဲ့ ဖြူဖွေးသွယ်စင်းနေသည့် လည်ပင်းပေါ်က နီညိုရောင်လက်ရာကြီးဆီသို့ အကြည့်ရောက်သွားပြန်သည်။ ပြေပြစ်သည့် မျက်ခုံးတန်းနှစ်ခုက အတန်ငယ် တွန့်ချိုးသွားခဲ့သည်။ တချိန်တည်းမှာပဲ သူမရဲ့မျက်နှာကို ပွတ်သပ်နေသည့်လက်က ရပ်တန့်သွားခဲ့ပြီး သူ့ရဲ့လက်ဖဝါးပြင်ကို စိုက်ကြည့်လိုက်ကာ ဘေးမှာရှိနေသည့်နံရံသို့ အရှိန်ပြင်းစွာ ရိုက်ချလိုက်ပါ၏။

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now