8.2

1.3K 156 6
                                    

Unicode

“အဟင့်.. ဟင့်..”

မိုင်လေး ထိုနေရာမှ ထွက်သွားမည်အလုပ် အမျိုးသမီးတစ်ယောက်၏ ငိုရှိုက်သံကို ကြားလိုက်ရတာကြောင့် သွားလက်စခြေလှမ်းမှာ ရပ်တန့်သွားရသည်။

“ညဘက်ကြီး ဘယ်သူက ဒီမှာလာငိုနေတာလဲဟ..” မိုင်လေး Coal ကို လှည့်ပြောရင်း အသံထွက်ပေါ်လာသည့်နေရာကို သွားကြည့်လိုက်တယ်။

ပိုင်မင်ရှကို မြေမြုပ်ရန် တွင်းတူးထားသည့်နေရာက မြို့အစွန်းရှိ တောင်ကုန်းငယ်လေးတစ်ခုပေါ်၌ ဖြစ်သည်။ သစ်ပင်များအုပ်ဆိုင်းနေသည့် ထိုတောင်ကုန်းငယ်လေးနံဘေး၌ အရပ်သားသင်္ချိုင်းတစ်ခုရှိနေပြီး အမျိုးသမီးကြီးတစ်ယောက်က မိုင်လေးရှိနေသည့်နေရာနှင့် သိပ်မဝေးသည့် မြေပုံတစ်ခု၏အရှေ့၌ ဒူးထောက်ကာ ငိုကြွေးလို့နေ၏။

“သမီးလေး.. သနားစရာကောင်းလိုက်တဲ့ ငါ့သမီးလေး….ဒီလိုမျိုး မတရားအသတ်ခံလိုက်ရတယ်၊ ငါ့သမီးလေး ငြိမ်းချမ်းရအောင် အမေတရားမျှတမှု ရှာပေးမယ်.. အမေ့သမီးလေးကို အမေကတိပေးတယ်..”

အမျိုးသမီးကြီးက လူလတ်ပိုင်းအရွယ်ခန့်ရှိပြီး သာမာန်ထက်အိုစာနေသည့် အသွင်အပြင်ကြောင့် အလုပ်ကြမ်းလုပ်ရသည့် သာမာန်လူတန်းစားမှန်း သိသာနေသည်။ သူမရဲ့မျက်ဝန်းတွေက နီရဲနေပြီး ဆံပင်များဖရိုဖရဲဖြစ်နေသည်က သူ့သမီးဖြစ်သူအတွက် အတော်ပင် ဖြေမဆည်နိုင်အောင် ဖြစ်နေရဟန်ပေါ်၏။ တရှုံ့ရှုံ့ငိုကြွေးရင်း တစ်စုံတစ်ယောက်ကိုလည်း ကျိန်ဆဲလို့နေပြန်သည်။

'ကြည့်ရတာ ဒီအမျိုးသမီးလည်း ဇာတ်ကြောင်းရဲ့ အရေးမပါတဲ့ဇာတ်ပို့တစ်ယောက် ဖြစ်နိုင်တယ်'

မိုင်လေး ဂရုမစိုက်မနေတော့ပဲ မူလကိုယ်ရဲ့မှတ်ဉာဏ်အတိုင်း နန်းတော်ရှိရာ အရင်ပြန်လာခဲ့လိုက်သည်။ သူမရဲ့ခန္ဓာကိုယ်က မြေကြီးအလူးလူးနဲ့ ကြောင်ချေးရုပ်ပေါက်နေပြီလေ။ အနည်းဆုံးတော့ ရေချိုးသန့်စင်ဦးမှဖြစ်မှာပေါ့။

သူမ ထွက်သွားခဲ့ပြီးနောက် ထိုနေရာသို့ လူတစ်စု ရောက်လာခဲ့ပြန်သည်။ မိုင်လေးသာ ရှိနေဦးမည်ဆိုလျှင် သူမကို မြေကြီးအောက်မြှုပ်နှံရန် လုပ်ဆောင်ခဲ့သည့် လူသုံးယောက်ကို အသေအချာမှတ်မိနေလောက်မည်။

Forever More  ( ထာဝရထက်ပို၍ )Donde viven las historias. Descúbrelo ahora