7.7

1.3K 179 12
                                    

Unicode

လင်းထိန်နေသည့် အခန်းကြီးက ရုတ်တရက် မိုးရွာခါနီးအခြေအနေကဲ့သို့  ရာသီဥတုပြောင်းလဲသွားပြီး မှောင်မှိုင်းအေးစိမ့်လာခဲ့သည်.. အေးစက်စက် လက်တစ်ဖက်ရဲ့ အငွေ့အသက်က အင်္ကျီစကို ဖောက်ထွင်းပြီး အသားထိတိုင် လာရောက်ရိုက်ခတ်ခဲ့၏..

မိုင်လေး နောက်ကို လှည့်ကြည့်လိုက်တယ်.. ပရိဘောဂပစ္စည်းများမှလွဲ၍ တခြားမည်သည့်အရာမျှ မရှိခဲ့..

သို့သော် သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက် ပြေးထွက်သွားသည့်အသံနှင့် ရေချိုးခန်းထဲမှာ ပစ္စည်းတွေ ပြုတ်ကျသံကို ကြားလိုက်ရသည်..

‘ဘာလဲဟ.. ငါ အခု သရဲအခြောက်ခံနေရတာလား..?’ မိုင်လေးရဲ့ မျက်နှာက ဖြူဖျော့သွားတယ်…

သူမရဲ့အတွေးတွေ မဆုံးသေးခင်မှာပဲ ခုတင်အောက်ချထားသည့် ခြေထောက်ကို နောက်လက်တစ်ဖက်က ဆွဲလာပြန်သည်.. မိုင်လေးပင် လန့်ချိန်မရလိုက်… ခုတင်အောက်ကို တစ်ခုခုဖြင့် တိုက်လိုက်သလို “ဒုန်း..” ဆိုသည့် အသံကြီးဖြင့် ရေချိုးခန်းဘက်ကို ပြေးထွက်သွားသည့် အသံတချို့ ကြားလိုက်ရပြန်သည်..

“……….” ငါ့ခန္ဓာကိုယ်ကို ဘယ်သူက ထိခိုင်းလို့လဲ..? ကြည့်ရတာ သူမကို ခြောက်လှန့်ရန် ကြိုးစားနေကြတဲ့ သရဲတွေက လျိုရီဖေးလိုမျိုး သူမခန္ဓာကိုယ်ကို ထိကိုင်ပြီး ပြဿနာတက်ကုန်တယ် ထင်ပါရဲ့..

အခန်းက စက္ကန့်အနည်းငယ် ငြိမ်သက်သွားခဲ့သည်…

ထို့နောက် စတင်၍ အသက်ဝင်လာခဲ့ပြန်သည်.. မိုင်လေးကို ထိမရတော့ အခန်းရဲ့ အခြေအနေက ရုတ်ချည်း မုန်တိုင်းထန်သည့် အခြေအနေကို ပြောင်းလဲသွားခဲ့တယ်.. မီးခလုတ်ပိတ်သံနှင့်အတူ အခန်းတစ်ခုလုံး မှောင်အတိကျသွားခဲ့သည်.. အလုံခန်းအတွင်းက လိုက်ကာစတွေက လေမတိုက်ပဲ ဘယ်ညာယိမ်းခါနေကြပြီး အခန်းအတွင်း လူ ၁၀ ယောက်ခန့် လမ်းလျှောက်နေသည့် အသံတွေ စတင်ကြားလိုက်ရတော့သည်..

“အလှလေး.. ငါတို့နဲ့ အတူနေပါ..”

“ဒါ..ငါတို့ ညီမလေးလား..?”

“ညီမလေးရဲ့ ခန္ဓာကိုယ်က ပူလောင်လိုက်တာ…မမတို့ကို ထိခွင့်ပြုပါဦး”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now