6.16

1.5K 171 8
                                    

Unicode

တောနက်ကြီးထဲဝယ် လူသားနှစ်ယောက် လျှင်မြန်သော အရှိန်အဟုန်ဖြင့် ရှေ့ဆင့်နောက်ဆင့် ပြေးလွှားနေကြသည်…

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦး.. အမျိုးသားက အရှေ့မှ ဦးဆောင်ကာ ပြေးလွှားနေပြီး မိန်းကလေးကတော့ မျက်ခြေမပြတ်အောင် မနည်းလိုက်နေရဟန်တူသည်..

“Thomas.. ခနရပ်ဦးလို့ ပြောနေတယ်လေ..”

Werewolf နယ်မြေမှ လူသားနယ်မြေသို့ အချိန်တစ်နာရီအတွင်း ရောက်နိုင်သည့် လျှို့ဝှက်လမ်းကြောင်း ရှိ၏… Thomas က ထိုလမ်းကြောင်းအတိုင်း လမ်းပြခေါ်ဆောင်သွားပြီး မိုင်လေးက အပြေးလိုက်နေခြင်းပင်…

Werewolf နယ်မြေမှ ထွက်လာခဲ့ပြီးကတည်းက ဆူပုတ်နေသည့် Thomas ကို ကြည့်ရင်း မိုင်လေး နားမလည်နိုင် ဖြစ်နေရသည်..

သူမ ဘယ်လိုပဲ အော်ခေါ်နေပါစေ.. အဖက်မလုပ်တာကြောင့် နောက်ဆုံးတော့ မိုင်လေး ခြေစုံရပ်ပစ်လိုက်တော့သည်.. Thomas လည်း မိုင်လေးရဲ့အရှေ့ မလှမ်းမကမ်းမှာ ထိုင်ချလိုက်လိုက်ပြီး သူမကို စောင့်နေပေမယ့် စကားတစ်ခွန်းမှ မဆိုခဲ့…

‘ဒီဝံပုလွေကြီးက ဘာဖြစ်နေတာလဲ.. သူ့ကိုယ်သူ လမ်းပြခွေးလို သတ်မှတ်ထားတာလား… ငါ့ရဲ့လည်ဆွဲကိုတောင် သံသယဝင်ချင်လာပြီ.. အစ်ကို Ryan ဆိုတာ ယုံစားရခက်တယ်…’

“အံ့ဩမနေနဲ့… လူတိုင်းမှာ အပြင်လူတွေ မမြင်နိုင်တဲ့ အတွင်းစိတ်တွေ ရှိတတ်ကြတာပဲလေ.. မိုင်လေးရဲ့ချစ်သူက ဝိဉာဉ် ၁၀ ပိုင်းကွဲနေတာဆိုတော့ အကျင့်စရိုက် ၁၀ မျိုးရှိနေမှာပဲ…”
Coal လေးက မိုင်လေး ဦးခေါင်းထက်မှာ ဝဲပျံနေရင်း လှောင်ပြောင်လိုက်သည်..

“အဲ့တာဆို ဒီဝံပုလွေကြီးက အခု စိတ်ကောက်နေတာလား..?”

“မိုင်လေး အခုမှ သိတာလား… ဝံပုလွေမျိုးနွယ်တွေက ပိုင်ဆိုင်လိုစိတ် ကြီးမားတယ်လေ.. မိုင်လေးက Wilson နဲ့ ရင်းနှီးနေတော့ သဝန်တိုနေမှာပေါ့.. ခုနက ဟိုအဖမ်းခံထားရတဲ့ ဝံပုလွေအကောင်လေးကို ဖမ်းထားတဲ့နေရာ မေးနေတုန်းကဆို မျက်နှာကြီး မည်းမှောင်နေတာပဲ..”

Forever More  ( ထာဝရထက်ပို၍ )Onde histórias criam vida. Descubra agora