7.4

1.3K 172 8
                                    

Unicode

အိမ်ကြီး၏ဒုတိယအထပ်၊ ခေတ်မှီလှပစွာ ဆင်ယင်ထားသည့် အခန်းတစ်ခု၊ ထိုအခန်းကား အရင်က လင်းလုံနေခဲ့သည့် အခန်းဖြစ်သည်.. မိုင်လေး ထိုအခန်းထဲကို တိတ်တဆိတ် ဝင်ရောက်သွားလိုက်သည်..

တစ်စုံတစ်ရာကလည်း သူမရဲ့ အနောက်ကနေ တကောက်ကောက် လိုက်နေခဲ့၏.. မိုင်လေး အခန်းတံခါးကို ညှင်သာစွာ လှည့်၍ပိတ်လိုက်သည်.. ထိုတစ်စုံတစ်ရာက တံခါးကို ဖောက်ထွင်းကာ သူမရဲ့မျက်နှာရှေ့တည့်တည့် ပေါ်လာတာကြောင့် ထိတ်လန့်သွားသည့် စိတ်ကို အမြန်ထိန်းချုပ်လိုက်ရတယ်.. (ᗒᗣᗕ)՞

“ကြောင်မျက်လုံးလား…” ရှတတ အေးစက်စက် အသံက ထိုတစ်စုံတစ်ရာဆီမှ ထွက်ပေါ်လာခဲ့၏..

မိုင်လေး မမြင်သလို၊ မကြားသလို စိတ်ကိုချုပ်တည်းထားပြီး တံခါးကိုသာ အသံမမြည်အောင် သေချာပိတ်လိုက်သည်..

စိတ်ထဲမှာတော့…

‘သရဲမရယ်.. နင့်ကိုယ်နင် အရမ်းလှတယ်များ ထင်နေတာလား.. အဲ့လိုကြီး ခနခန ပေါ်မလာပါနဲ့.. နင့်လူကို ခနနေရင် ပြန်ထုတ်ပေးပါ့မယ်ဟဲ့..’

အမူအရာမပျက်အောင် ထိန်းချုပ်ရင်း စိတ်ထဲမှာ ကြိတ်ကာ ငိုကြွေးမိနေတော့သည်…

ကုတင်ပေါ်မှာတော့ မိန်းမလှလေးတစ်ယောက်က ဆွဲဆောင်မှုရှိစွာ ညအိပ်ဝတ်စုံဖြင့် အိပ်ပျော်နေလေသည်.. ထိုမိန်ကလေးကား ယွီချင်းချင်းပင်.. မိုင်လေးလည်း နောက်ကလိုက်နေသည့် သရဲမကြောင့် အချိန်မဆွဲရဲတော့ပဲ လည်ဆွဲအတွင်း ထည့်ထားသည့် ကုစစ်မင်ကို ထုတ်ယူလိုက်ပြီး ခုတင်ပေါ် အသာတင်ပေးလိုက်သည်.. ထို့နောက် အင်္ကျီတွေအကုန် ဆွဲချွတ်ပြီး အခန်းအနှံ့  ပြန့်ကျဲလိုက်ကာ ထွက်လာခဲ့လိုက်တော့တယ်..

သရဲမက မိုင်လေး လုပ်သမျှကို နီရဲနေသည့် မျက်ဝန်းတွေဖြင့် အသေးစိတ် လိုက်ကြည့်နေတာကြောင့် မိုင်လေးခမျာ လက်မတုန်အောင် အတော်ထိန်းချုပ်လာခဲ့ရတယ်.. သူမကို ပိတ်လှောင်ထားသည့် အခန်းငယ်လေးအတွင်းသို့ ရောက်မှသာ သက်ပျင်းချလိုက်မိတော့သည်.. သရဲမက ကုစစ်မင်ကို ပြန်မြင်သည်နှင့် မိုင်လေးအနောက်ကို မလိုက်လာတော့သည်မှာ အတော်ကံကောင်းသည်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now