4.8

1.7K 208 0
                                    

Unicode

သူမ၏လက်ထောက် ပို့ပေးလာသည့် Customer list ကို စစ်ဆေးကြည့်ပြီးသည်နောက် မိုင်လေးမထင်မှတ်ထားသည့်လူကို စာရင်းထဲတွင် တွေ့လိုက်ရသည်….Customer ၆ ယောက်အနက် ကျန် ၅ ယောက်က တခြားသော နိုင်ငံများမှ ဖြစ်ကာ ဤနိုင်ငံမှ တစ်ဦးသာပါဝင်လေသည်…ထိုသူကား လင်းယွဲ့မဟုတ်ခဲ့…မုယုံချီဖြစ်နေခဲ့သည်…

ဒါဆို နားကပ်က ဘာလို့ လင်းယွဲ့ဆီမှာ ရှိနေတာလဲ…ပြီးတော့ သူတို့နှစ်ယောက်က ဘယ်လိုမျိုး ပက်သက်မှုနေခဲ့တာလဲ…. ကျောင်းမှာတော့ နှစ်ယောက်စလုံးက တစ်ဦးနှင့်တစ်ဦးမဆိုင်သူကဲ့သို့ပင်..မိုင်လေး အကြောင်းအရာတော်တော်များများကို ခန့်မှန်းမိနေခဲ့ပေမယ့် မုယုံချီနှင့် လင်းယွဲ့တို့၏ဆက်ဆံရေးကို ခုချိန်ထိ သေချာမသိရသေး…

လင်းယွဲ့၏အိပ်ယာက လစ်လပ်နေပြီး ထိုညက သူမအဆောင်ကို ပြန်မလာခဲ့ချေ…

“Coal.. ကျင်းဟွာရဲ့မိဘအရင်းကို ရှာဖို့ဆို ငါသူမရဲ့မေ့နေတဲ့မှတ်ဉာဏ်တွေကို အရင်ရှာရမှာပေါ့နော်…ဟုတ်လား”

“ဟုတ်တယ်လေ.. မဟုတ်လည်း သူမကို သိခဲ့ဖူးတဲ့ တစ်ယောက်ယောက်နဲ့တွေ့ရင် သိရမှာပေါ့..”

“အဲ့တာက ပင်လယ်ထဲကျသွားတဲ့ ဂျယ်လီတုံးကို ရှာရတာထက် ခက်တယ်ဟ…
ဇာတ်ကားတွေထဲကလို ခေါင်းကို တုတ်နဲ့ခပ်နာနာလေး တစ်ချက်လောက် ရိုက်ကြည့်လိုက်ရမလား…မှတ်ဉာဏ်ပြန်ရလို ပြန်ရငြားပေါ့…”

“ကောင်းသားပဲ…ကျွန်တော်ကူညီဖို့အသင့်……….ဟီးဟီး”

လူရိုက်ရမည်ဆိုလို့ တက်ကြွနေသည့် စပ်ဖြဲဖြဲမီးလုံးစုတ်ကို မျက်စောင်းထိုးလိုက်ပြီး လိုက်ရိုက်တော့သည်…

အင်း…မီးလုံးစုတ်ကို လိုက်မရိုက်ရတာ အရမ်းကို ကြာနေပြီပဲ…

“တော်တော့…တော်တော့..ကျွန်တော်မောနေပြီ…’

အဆောင်အခန်းကျဉ်းလေးအတွင်း အပတ်၂၀မျှ ပတ်ပြေးပြီးသည်နောက် နှစ်ယောက်လုံးမောဟိုက်လို့ နေသည်…မိုင်လေး မောမောနှင့် ခုတင်ပေါ်ထိုင်ချလိုက်ရာမှ စားပွဲစောင်းနှင့် တိုက်မိကာ ဖန်ခွက်ကျကွဲသွားတော့သည်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now