8.12

1.2K 164 10
                                    

Unicode

မိုင်လေး လဲကျသွားသည့် ထန်ချင်းရဲ့ခန္ဓာကိုယ်ကို ထိန်းကိုင်လိုက်ပြီး သစ်ပင်တစ်ခုရဲ့ ခြေရင်းအောက်၌ မှီထားပေးလိုက်သည်။ သူမရဲ့မျက်ဝန်းတွေက အေးစက်မည်းမှောင်နေပြီး အကြည့်တို့က သူမရဲ့ဘယ်ဘက်လက်ဖဝါးပြင်နှင့် ထိကပ်နေသည့် ထန်ချင်းရဲ့ခါးထက်၌….

အနီရောင်သွေးများက သွန်းလောင်းထားသကဲ့သို့..

ရဲရဲနီနေသည့်သွေးတွေက မိုင်လေးရဲ့စိတ်ကို ပိုမိုတောက်လောင်လာစေခဲ့သည်။ ‘ဒီလူကြီးက ရူးမိုက်လိုက်တာ.. ဘယ်သူ့ရှေ့မှာ သူရဲကောင်းလုပ်ချင်နေတာလဲ? ဒဏ်ရာရထားတာကိုများ ဘာမှမဖြစ်သလို လုပ်နေပုံက.. ဟမ့်..’

ဒဏ်ရာကို အဆိပ်ရှိမရှိ အရင်စစ်ဆေးလိုက်သည်။ အဆိပ်မရှိတာ သေချာသွားတော့မှ သွေးတိတ်ဆေးမှုန့်များကို ဒဏ်ရာအပေါ် အရင်ဖြူးလိုက်ပြီး သူမရဲ့ဂါဝန်အနားစကို ဖြဲဆုတ်လိုက်ကာ ထန်ချင်းရဲ့ခါးကို အသာစည်းနှောင်ပေးလိုက်၏..

“သွေးတော့ တိတ်သွားပြီ.” မိုင်လေး လည်ပင်းအဆစ်ကို အသံမြည်အောင်ချိုးလိုက်ပြီး “စကြတာပေါ့..”

“မိုင်လေး.. အဲ့တာ အမြှောက်စာဇာတ်ကောင်တွေနော်..” သူ့ Guestရဲ့ အဲ့လိုမျက်လုံးမျိုးကို မကြိုက်ဘူးနော်.. သွေးလွှမ်းဦးမှာ မြင်ယောင်နေပြီ.. မြားပစ်တဲ့လူတွေအတွက် အမွှေးတိုင်ထွန်းပေးလိုက်ပါတယ်.. TT

“Coal.. စောင့်ကြည့်ပေးထား..”

“မိုင်လေးရဲ့လူ……..”

Coal လေးရဲ့စကားမဆုံးလိုက်။ မိုင်လေးက လည်ဆွဲအတွင်းမှ ဖြူဆူးလေးကို ဆွဲထုတ်လိုက်ပြီး နေရာတစ်ခုသို့ ဦးတည်ကာထွက်သွားတော့၏..

“အား…” ပထမဆုံးထွက်ပေါ်လာသည့် စူးစူးရှရှအော်ဟစ်သံ.

ထို့နောက် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည့် ကြက်သီးထဖွယ် အော်ဟစ်သံများကြောင့် Coal လေး တစ်ကိုယ်လုံး ကျုံ့လိုက်မိချေပြီ..

‘God bless you, Guys..’

တစ်ဖက်မှာတော့…
“အား..” ရုတ်တရက် လဲကျသွားသည့် မြားသမားတစ်ယောက်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now