8.15

1.3K 152 25
                                    

Unicode

Dynamite တွေရဲ့အကူအညီဖြင့် အရာရာဟာ ချောမွေ့လွယ်ကူလို့နေ၏..

ပေါက်ကွဲအားကို မြင်လိုက်ရသည့်လူတိုင်းက တဒင်္ဂမျှ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြရသည်။ မြေကြီးတွေကိုတောင် မွစာကြဲသွားစေနိုင်တဲ့ ဒီပစ္စည်းက လူသားခန္ဓာကိုယ်ကို တစ်စစီဖြစ်သွားစေလိမ့်မည်ဆိုသည်မှာ မေးနေစရာမလိုပင်။ ပေါက်ကွဲပစ္စည်းများမရှိသေးသည့် ထိုခေတ်အခါ၌ Dynamite ရဲ့စွမ်းရည်က လူတိုင်းရဲ့စိတ်ကို တုန်လှုပ်စေခဲ့သည်..

Dynamite အရေအတွက်က သိပ်မများတာကြောင့် ဝါးလုံးပိုင်းငယ်တွေကို အနီရောင်ဆေးသုတ်ပြီး Dynamite တလှည့်၊ ဝါးလုံးတစ်လှည့် မြှားမှာချည်နှောင်ပြီးပစ်နေတော့ လွီစစ်သည်များခမျာလည်း ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေကြတော့၏.. အချိန်မရွေးကျရောက်လာနိုင်သည့် ထူးဆန်းတဲ့ပေါက်ကွဲပစ္စည်းကြောင့် မြားတစ်စင်းမြင်တိုင်း လွီစစ်သည်များဟာလည်း စိတ်ခြောက်ခြားနေကြရတော့သည်။ ဤသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ ထိတ်လန့်သွေးပျက်လာကြတော့သည်…

စစ်ပွဲတစ်ခု၏အခရာကား စိတ်ဓာတ်အင်အားပင်…

အချိန်သုံးရက်လွန်မြောက်ခဲ့ပြီးနောက် စစ်ကူရောက်လာကြသည့် ထန်စစ်တပ်များနှင့် အရိပ်စစ်သည်များ၏ဓားချက်အောက်.. သွေးပျက်နေပြီဖြစ်သည့် လွီစစ်သည်များဟာ အတုံးအရုံး သေဆုံးကြရကုန်တော့သည်။ အခြေအနေကား ပြောင်းပြန်ဖြစ်သွားချေပြီ။ ၃လအတွင်း ထန်စစ်တပ်က လွီနယ်စပ်မြို့များကို တစ်မြို့ချင်းသိမ်းယူသွားခဲ့ပြီး လွီမြို့တော်ကိုပင် ဝန်းရံထားနိုင်ခဲ့၏...

လွီတိုင်းပြည်ကို သိမ်းပိုက်နိုင်ရင် အချိန် ၆လမျှသာ ကြာမြင့်ခဲ့သည်..

…………………..

ဤသို့ဖြင့် ၆ လဟူသည့်အချိန်ဟာ လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့ချေပြီ..

“မင်းသမီးလေး.. နှုတ်ခမ်းကို အရောင်ထပ်တင်ပါဦးလား.. မင်္ဂလာရက်မှာ တောက်ပနေမှဖြစ်မယ်လေ..” ကျားယီက အနီရောင်စာရွက်လေးတစ်ခုကို ကမ်းပေးလာရင်း သူမကိုကြည့်ကာ ပြောလာခဲ့သည်..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now