1.4

2.6K 253 14
                                    

Unicode

ထျန်းချောင်တစ်ယောက် မိန်ချင်းချင်းပြောပြလာတဲ့ သူမရဲ့ဇာတ်ကြောင်းကိုနားထောင်ပြီးနောက် အမှန်တကယ်စိတ်တိုသွားခဲ့သည်။ ဒါလား? အချစ်ဆိုတာ။ ရဲ့မင်ချွမ်းက မိန်ကလေးတစ်ယောက်ကို တန်ဖိုးမထားတတ်ဘူးပဲ။

“အခုမင်းထွက်ပြေးလာပြီးပြီဆိုတော့ ဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲ..?”

“ကျွန်မက ထွက်ပြေးလာတာမဟုတ်ပါဘူးနော်.. အားမတန်လို့မာန်ခနလျော့ထားတာ.. အဲ့လူကို သေချာပေါက်ပြန်ပေးဆပ်ရအောင်လုပ်ပြမယ်..”

သူ့ကို ကတ်ကတ်လန်အောင် ပြန်ရန်တွေ့နေတဲ့ကောင်မလေးက စိတ်တော့မာသားပဲ။ သူမရဲ့လှပနုနယ်တဲ့မျက်နှာနဲ့ နှုတ်ခမ်းထောင့်ကဒဏ်ရာတွေကိုတွေ့ပြန်တော့ ရဲ့မင်ချွမ်းဆိုတဲ့လူကိုသာ သတ်ပစ်ချင်လာတော့သည်။

အာ.. သူနဲ့မှမဆိုင်တာ.. !

သူ့ရှေ့ကကောင်မလေးကို စိတ်ဝင်စားမိနေပြီလား..?

“ရှင် Mei ကုမ္ပဏီရဲ့ရှယ်ယာတွေကို ဝယ်ထားတယ်ဆိုတာကျွန်မသိတယ်.. ကျွန်မတို့အကျိုးတူပူးပေါင်းကြမလား..?”

“ပူးပေါင်းမှုအတွက် ကမ်းလှမ်းချက်ကရော..? မင်းရဲ့ကမ်းလှမ်းမှုပေါ်မူတည်ပြီး စဉ်းစားကြည့်မယ်လေ..”

ချင်းချင်းကိုကူညီချင်ပေမယ့် သူမရဲ့လုပ်ဆောင်နိုင်စွမ်းကိုလည်း သိချင်မိသည်။

“ကျွန်က CEO ဖြစ်တာနဲ့ ရဲ့မင်ချွမ်း CEO ဖြစ်တာ၊ ဘယ်အရာက ရှင့်အတွက် အကျိုးအမြတ်ပိုများလဲဆိုတာ ရှင်သိပြီးသားပါ.. သပ်သပ်ကမ်းလှမ်းချက်လိုသေးတာလား..? အဲ့တာဆို ရဲ့မင်ချွမ်းပြင်ဆင်နေတဲ့ project တခုအကြောင်း ရှင့်ကိုပြောပြမယ်လေ.. အကျိုးအမြတ်အရမ်းများပြီး အောင်မြင်နိုင်ချေများတဲ့ Project ပဲ .. ဘယ်လိုလဲ..? ဒီကမ်းလှမ်းချက်က အထောက်အကူဖြစ်ရဲ့လား..?”

“ကောင်းပြီလေ.. အခုတော့မင်းနားလိုက်ဦး.. မင်းရဲ့ဒဏ်ရာတွေပျောက်ကင်းသွားတော့မှ စကြတာပေါ့..”

“ခနလေး.. ကျွန်မအကူအညီတောင်းစရာရှိသေးတယ်..”

“ဒီမှာနေရတာ အဆင်မပြေလို့လား..?”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now