1.1

3.6K 275 6
                                    

Unicode

“ကြိုဆိုပါတယ် Guest.. ကျွန်တော်တို့ Respawn System ကိုရောက်ရှိလာတဲ့ Guest ရဲ့ပထမဆုံးနေ့လေးအတွက် ပျော်ရွှင်ဖွယ်ဖြစ်ပါစေ..”

“Clap…Clap…Clap”

လက်ခုပ်တီးသံနဲ့အတူ ကလေးသံသေးသေးလေးက ထွက်ပေါ်လာသည်။

“Nolan ဆူညံမနေနဲ့.. ဘာတွေလာအော်နေတာလဲ..? ငါအိပ်နေတာကို အနှောက်အယှက်လာမပေးနဲ့..”

ပြောရင်းဆိုရင်း ဘေးနားကပစ္စည်းတခုကို လက်နဲ့လိုက်စမ်းပြီး ပစ်ပေါက်ဖို့လုပ်နေတဲ့ Guest ကြောင့် Coal မျက်နှာမဲ့သွားရသည်။ ပထမဆုံးတွေ့ဆုံမှုအတွက် သူ့ရဲ့Guest အပေါ် System Spirit လေးရဲ့မှတ်ချက်ကတော့..

ငါ့ရဲ့ Guest က အူကြောင်ကြောင်နဲ့..!!!

“ထတော့ Guest.. အခုမထရင် Guest ရဲ့ချစ်သူကိုရှာရတာ ပို​ပြီးခက်ခဲသွားလိမ့်မယ်နော်..”

ချစ်သူဆိုတဲ့အသံကိုကြားမှ မိုင်လေးတစ်ယောက် လူးလဲပြူးပြဲပြီးထလာသည်။ ဘေးပတ်ဝန်းကျင်ကို အူကြောင်​ကြောင်ကြည့်လိုက်ပြီး...

“ငါဘယ်သူလဲ..? ငါဘယ်မှာလဲ..? ငါဘာလုပ်နေတာလဲ??”

မျက်လုံးပွတ်ပြီးကြည့်လိုက်တော့ သူမက အခန်းငယ်လေးတစ်ခုရဲ့ခုတင်လေးပေါ်မှာ အိပ်စက်​နေခဲ့ခြင်းပင်။ ပြီးတော့ အခန်းထဲမှ သူမ,တစ်ယောက်တည်းရှိနေတာလေ။ ဒါဆို ခုနကပြောနေတဲ့အသံက..? သရဲလား..?

“နင်ဘယ်သူလဲ..? ငါဘယ်ရောက်နေတာလဲ..? ထွက်ခဲ့စမ်း.. ငါ့ကိုမကြောက်တတ်ဘူးထင်နေလား..?”

သူမပိတ်ဟောက်လိုက်တော့ လိုက်ကာအကွယ်မှထွက်လာသည့် မှိတ်တုတ်မှိတ်တုတ်မီးလုံးလေးတစ်ခု။ မီးလုံးအပေါ်မှာ မျက်လုံးနှစ်လုံးနဲ့ ပါးစပ်လည်းပါသေးတယ်။ ဘာကြီးလဲဟ..?

“နင်က ပိုးစုန်းကြူးလား..?”

“ကျွန်တော်က System ရဲ့ Service ပိုင်းဆိုင်ရာတာဝန်ခံ Spirit ပါ.. Coal လို့ခေါ်လည်းရပါတယ်... ကျွန်တော်တို့ System နဲ့ချိတ်ဆက်ခဲ့တာမှတ်မိလား..? ဝိညဉ်ရှာဖွေဖို့အတွက် ရောက်လာတာလို့ အထက်ကပြောထားပါတယ်.. အခုရောက်နေတာကတော့ Guest အတွက် System ကပေးထားတဲ့အိမ်ထဲမှာပါ..”

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now