Our Fate

3.2K 291 1
                                    

Unicode

Ryan တစ်ယောက် သူမလေးကိုဆေးဘူးပေးပြီး ဆေးလိပ်သောက်ရန်အကြောင်းပြချက်ဖြင့် အိမ်အပြင်ထွက်လာခဲ့လိုက်သည်။ တစ်စုံတစ်ယောက်နဲ့ မမျှော်လင့်ပဲတွေ့ဆုံပြီးခါမှ သူ့မှာ တွေးတောစရာတွေရှိလာပြီ။

သူမကိုစတွေ့တော့ လမ်းမလယ်ခေါင်မှာမျက်နှာငယ်လေးဖြင့် ဟိုကြည့်လိုက်၊ ဒီကြည့်လိုက်လုပ်နေသည့်ကောင်မလေး။ သူ့ရဲ့ရန်သူတွေကိုတိမ်းရှောင်ရင်း တွေ့လိုက်မိခြင်းပင်။

'ဒီကောင်မလေးတော့ လှည့်ကင်းတွေနဲ့တွေ့ရင်ဒုက္ခပဲ..' ဒါကသူ့ရဲ့ပထမဆုံးအတွေး...

တွေးလို့မှမဆုံးသေး။ လှည့်ကင်းတွေက ဒီဘက်ကိုလျှောက်လာကြချေပြီ။ သို့သော်ငြား ထိုကောင်မလေးကတော့ သတိပြုမိပုံမရပါချေ။ မနေနိုင်တဲ့သူက သူမလေးရဲ့လက်ကိုဆွဲပြီး ပြေးရ​တော့သည်။

ကြည့်ပါဦး။ အူတူတူလေးနဲ့ လိုက်ပြေးနေတဲ့ကောင်မလေး..!

သူ့နေရာမှာ မကောင်းတဲ့သူသာဆို ဒီကောင်မလေးဘယ်လိုလုပ်မလဲ..?

သူ့လက်ကိုဆွဲပြီးပြေးနေရင်း မော့ကြည့်လာသည့်ကောင်မလေးရဲ့ မျက်ရည်ရစ်ဝိုင်းနေသောမျက်ဝန်းများက အတွယ်အတာမရှိခဲ့တဲ့ သူ့ရဲ့နှလုံးသားကို လှုပ်ရှားစေခဲ့သည်။ ပြေးနေရင်းခလုတ်တိုက်လဲတော့ မျက်ရည်တွေက ဆည်ကျိုးသလိုကျလာပြန်တဲ့ကောင်မလေး။ သူလည်း မနေနိုင်တော့ပဲ ပွေ့ချီပြေးရတော့သည်။

လိုက်လာတဲ့သူတွေကိုမျက်ခြေဖြတ်ပြီး အဆောက်အအုံဟောင်းကြီးကိုရောက်တဲ့အချိန် သူ့ရဲ့ရှားပါးရှေးဟောင်းမီးအိမ်လေးကို ထုတ်ပေးလိုက်တော့ ဒီကောင်မလေးက သံသယမဝင်ခဲ့ဘူး။ သူ့ကိုယုံကြည်နေခဲ့တယ်။

ဘာမှမကျန်တဲ့ဒီအိမ်ကြီးထဲမှာ မီးအိမ်က ဘယ်လိုလုပ်ရှိမှာလဲ..? ဒီကောင်မလေး ငါနဲ့တွေ့လို့တော်သေးတယ်...

သေချာအကဲခတ်ကြည့်တော့ သူမရဲ့အဝတ်အစားတွေက အနည်းငယ်ဆန်းသစ်နေတယ်။ သူတို့လိုပဲဝတ်ဆင်ထားပေမယ့် သူမရဲ့အဝတ်အစားဒီဇိုင်းက အနည်းငယ်ပိုဆန်းသစ်နေသလိုပင်...

ခြေထောက်နာလို့ထင်ပါရဲ့။ ခြေထောက်နှိပ်နေရင်း သူ့ကိုမော့ကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ အံ့သြနေပြန်တယ်။ ဟန်မဆောင်တတ်တဲ့ ဒီကောင်မလေး။

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now