6.12 🚨

2.9K 220 24
                                    

Unicode

‘မွှေးလိုက်တာ..’

ရစ်မူးဖွယ်ရာ အနံ့တစ်မျိုးက ထိူလူရဲ့ခန္ဓာကိုယ်မှ စိမ့်ထွက်နေလေသည်… မိုင်လေးကိုယ်တိုင် မသိလိုပါပဲ သူ့ရဲ့လည်ပင်းအနားကို တစ်စစ တိုးကပ်မိသွားခဲ့၏… သူမသတိပြန်ဝင်လာချိန်မှာတော့ သူမရဲ့လျှာလေးက တိုးထွက်လာခဲ့ပြီး သူ့ရဲ့ လည်ပင်းကို လျက်မိသွားခဲ့ချေပြီ…

‘သေစမ်း.. ငါဘာလုပ်လိုက်တာလဲ.. ဘာတွေဖြစ်နေတာလဲ..
အမွှေးနံ့ ..ဟုတ်တယ်.. သူ့ခန္ဓာကိုယ်က ထွက်လာတဲ့ အမွှေးရနံ့ကြောင့် ဖြစ်ရမယ်..’

မိုင်လေး အားကုန်ရုန်းရန် ပြင်လိုက်ပေမယ့် သူမရဲ့စိတ်တွေက ရနံ့၏ဆွဲဆောင်မှုအောက် ရောက်သွားရပြန်သည်.. ဒီတစ်ခါတော့ သူမလက်တွေက ထိုလူ့ရဲ့ လည်ပင်းကို သိုင်းဖက်ထားပြီး ညှပ်ရိုးနေရာကို တတိတိ ကိုက်​နေမိခဲ့၏…

“မင်း.. ....အ..... မင်း ….ဒီနေရာကို… ဘယ်လိုရောက်လာတာလဲ..?”

အသက်ရှူသံပြင်းပြင်းနဲ့အတူ အံကြိတ်ထားသည်မှာ သိသာလွန်းသည်.. လေးပင်နေပြီး မနည်းအားတင်းကာ ပြောလာသည့် ထိုလူရဲ့ လေသံက သူမရဲ့နားစည်ကို ရိုက်ခတ်လာတော့ အသိစိတ်ပြန်ဝင်ခဲ့ပြန်သည်…

“Thomas… ရှင်လား..” အသိစိတ်ကို အားတင်းကာ ထိန်းချုပ်ရင်း တိုးညှင်း ဖျော့တော့စွာ ပြန်မေးလိုက်မိသည်…

“ဗွမ်း…”

Thomas ကား ပြန်မဖြေခဲ့ ..မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေကို ရိပ်စားမိလာတာကြောင့် ရေထုကို ဖြတ်သန်းပြီး နေရာတစ်ခုသို့ ဦးတည်ကာ သွားလိုက်၏....

ရေတံခွန် အနောက်ဘက်၌ လျှို့ဝှက်စွာ တည်ရှိနေသည့် ဂူတစ်ခု… သိပ်မကျယ်ဝန်းပေမယ့် လူတွေရဲ့ အမြင်အာရုံကို ကောင်းကောင်းဖုံးကွယ်ပေးထားနိုင်သည်….

Thomas က မိုင်လေးကို ပွေ့ချီရင်း ထိုဂူလေးထဲကို ဝင်သွားလိုက်တော့သည်.. ထို့နောက် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ကျောက်ဖျာတစ်ချပ်ပေါ်သို့ ဖြည်းညှင်းစွာ ချပေးလိုက်တယ်…

သီးခြားဆန်သည့် နေရာလေးကို ရောက်လာခဲ့တယ်ဆိုတဲ့ အသိက မိုင်လေးရဲ့ စိတ်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး Thomas ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် မွှေးရနံ့ဖြင့် ပေါင်းစပ်လျက် လူကို အသိစိတ်လွတ်လုနီးပါး ဖြစ်လာခဲ့ပြန်သည်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now