Our Fate

4.4K 360 15
                                    

Unicode

မိုင်လေးလည်း ခုနကအဘိုးကြီးကိုမေ့ပြီး မုန့်ဆိုင်များသို့အလည်သွားရင်း ပိုက်ဆံလိုက်လှူတော့သည်။

တကယ်ပါ.. ဘုရားစူး အလည်သွားရုံတင်ပါ။ ပိုက်ဆံလှူတာကလည်း သူတို့ပင်ပင်ပန်းပန်းရောင်းနေကြတာ မကြည့်ရက်လို့။ မုန့်တွေပြန်ပေးတော့ အားနာနာနဲ့ ယူပြီးစားတာပေါ့..

မိုင်လေးမုန့်စားနေရင်း ဘုံကျောင်းဆီသွားတဲ့တံတားလေးပေါ်မှာ လမ်းလျှောက်နေမိသည်။

'' ဒုတ် ဒုတ် ဒုတ် ''
ရင်ခုန်သံ.. ငါ့ရင်ခုန်သံ..

လှပစွာယှက်နွယ်နေတဲ့ တံတားငယ်လေးပေါ်က ပျားပန်းခတ်နေတဲ့လူအများကြီးကြားမှာမှ ထိုလူသား...

'' အားးး အရမ်းချောတာပဲ ''

တော်သေးတယ်.. စိတ်ထဲမှာပဲတွေးနေမိပြီး အပြင်မှာမအော်မိလို့ပေါ့..!

ဝတ်စားပုံက နည်းနည်းခေတ်နောက်ကျပေမယ့်...
အားးးး ဒီတိုင်းတောင် ချောလိုက်တာ..

အင်္ကျီဝတ်ထားလို့မသိသာပေမယ့် သူ့ရဲ့ဝမ်းဗိုက်မှာ ပေါင်မုန့်ခြောက်လုံးရှိလောက်မယ်။ သေချာတယ်..! အဖြူဘက်သွားတဲ့အသားအရေနဲ့ မြင့်လိုက်တဲ့အရပ်ကြီး.. ငါလေးနဲ့ဆိုကွက်တိပဲ။ ၆ ပေကျော်လောက်ဆိုတော့ လုံးဝရင်အုပ်မိုးအရပ်ပဲ။

အယ်..! ပြောရင်းဆိုရင်း ငါ့ကိုလှမ်းကြည့်ပြီး ပြုံးပြနေတာလား..? သိလို့လား..?

သူမအနားသို့ ခြေလှမ်းကျဲကျဲလျှောက်လာပြီး ဆူမရဲ့ဆံပင်ကိုဖွလိုက်တဲ့ ထိုသူ...

ပြီးတော့ပြောသေးတယ်.. မိုင်းတဲ့..! ဘာမိုင်းလဲ..? လက်လုပ်မိုင်းလား..? ဗလိုင်းကြီးလာရောနေတယ် O-O

'' ဟိုလေ သိလို့လား..?''

ချောပေမယ့် ဘယ်လိုလူမှန်းမသိဘူး။ ထိုသူက သူမကိုခပ်တွေတွေ စိုက်ကြည့်လာပြီး...

'' မိုင်းက ကိုယ့်ကိုမသိဘူးလား''
ပြောပြီးတာနဲ့ ထွက်သွားပါလေရော။

'ဒီနေ့ဘာလို့ လူထူးဆန်းတွေနဲ့ပဲ တွေ့နေရတာလဲမသိဘူး'

ကမန်းကတန်းလှည့်ကြည့်လိုက်တော့ ထိုလူကိုမတွေ့တော့ပါချေ။

Forever More  ( ထာဝရထက်ပို၍ )Dove le storie prendono vita. Scoprilo ora