5.13

2K 181 16
                                    

Unicode

နောက်တစ်ရက် မနက်ခင်း….
မိုင်လေး လန်းဆန်းတက်ကြွစွာ နိုးထလာတော့သည်…  မနေ့ညက ဖြစ်ပျက်သမျှတွေကို ပြန်လည်စဉ်းစားလိုက်မိတော့ အနည်းငယ်ရှက်သွားပြီး.. ကြည်နူးမှုများကလည်း ပြန်လည် ဖြစ်ပေါ်လာရသည်…

နွေးထွေးသော ခံစားချက်နှင့်အတူ ယခုအချိန်အထိ… သူမ၏ခါးကို ပွေ့ဖက်ထားသည့် လက်တစ်ဖက်… သူမ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ထိုလက်ပေါ် လက်ထပ်ပြီး တင်လိုက်တော့…
‘အဲ…. နည်းနည်းသေးနေသလိုပဲ…’

သူမဘေးနားဆီလှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည်က ၁၀ နှစ်အရွယ်ခန့် ကလေးလေးတစ်ယောက်…

“………….”
မူလခံစားချက်များ တစစီ ကြေကွဲသွားသလို ခံစားလိုက်ရသည်…
‘ငါဘယ်သူလဲ… ငါဘယ်ရောက်နေတာလဲ???’

၁၀နှစ်အရွယ်ကလေးတစ်ယောက်နှင့် အဝတ်တစ်စမျှ မကပ်ပဲ အိပ်စက်နေရသည်က … အနည်းငယ်.. ထူးဆန်းနေပြီး နေရခက်သလို ခံစားမိစေသည်…. သူမခန္ဓာကိုယ်ပေါ် အကာအကွယ်မန္တန်ချကာ လည်ဆွဲအတွင်းမှ အင်္ကျီတစ်စုံ အမြန်ထုတ်ယူပြီး ဝတ်ဆင်လိုက်ရတော့သည်….

အဝတ်အစားဝတ်ဆင်တော့မှပဲ မိုင်လေး တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို သတိထားမိလိုက်၏… သူမခန္ဓာကိုယ်က နာကျင်မှု တစ်စုံတစ်ရာရှိမနေသလို အချစ်ကိုက်ရာကဲ့သို့သော အရာများလည်း နေရာတစ်ခုမှလွဲ၍ တခြားနေရာတွေမှာ ရှိမနေတော့သည်ကို သတိထားမိလိုက်သည်….

ညတုန်းကတော့ Zee ဆိုသည့်ထိုကလေးက ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံးကို အသားပါမကျန်လောက်အောင် လိုက်ကိုက်ထားပြီး အခုတော့ ထိုအရာတွေက ဘယ်ကို ပျောက်သွားတာပါလိမ့်......

‘ဒါက တကယ်ပဲ Ryan တဲ့လား…. မထင်ထားခဲ့ဘူး… သူ့မှာ ဒီလိုမျိုး ကွဲပြားခြားနားတဲ့ အကျင့်ပုံစံတွေ ရှိနေလိမ့်မယ်လို့…’

သူမရဲ့ ဖြူစွေးလုံးဝန်းသည့် ရင်ဘတ်နေရာဆီမှာ စတော်ဘယ်ရီသီးသဏ္ဍာန် အနီရဲရဲ အမှတ်အသားတချို့ကို အသာပွတ်သပ်လိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်မိတယ်… ‘ဒီကမ္ဘာရဲ့ Ryan က ပိုင်ဆိုင်လိုစိတ် ကြီးမားတာပဲ'..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now