6.18

1.6K 192 8
                                    

Unicode

မိုင်လေးလည်း Vampire များနှင့်အတူ နယ်စပ်မှာ နေရာယူလိုက်ပြီး လူသားနယ်မြေအတွင်းသို့ ထွက်ခွာသွားသည့် Werewolf များရဲ့ နောက်ကျောပြင်ကို ကြည့်နေရင်း သက်ပျင်းချလိုက်သည်.. Thomas က Werewolf များ၏ ရှေ့ဆုံးမှာ နေရာယူထားပြီး စစ်သည်တစ်ဦး၏ ခန့်ညားသောသွင်ပြင်နှင့် ရဲစွမ်းသတ္တိများ ပေါ်လွင်နေသလို ခေါင်းဆောင်ကောင်းတစ်ဦး၏ ဟန်ပန်လည်း အပြည့်…

သူမဘေးနားမှာ ခေါင်းလေးငုံ့ကာ ရပ်နေသည့် လူသားကို စောင်းငဲ့ကြည့်လိုက်သည်.. ‘ဇာတ်လိုက်လေး.. ငါနင့်ကို အားကိုးမယ်နော်…’

ပြောမယ့်သာ ပြောရတာ.. သူမကို အသေသတ်ဖို့ System က ဇာတ်လိုက်မကို ဇာတ်လိုက်ထက် မျက်နှာသာ ပေးလိုက်ဟန်တူသည်.. Wilson တောင် ဇာတ်လိုက်မ Layla ရဲ့ မေ့ဆေးဒဏ်ခံရပြီး စာအုပ် လုယူခံလိုက်ရတယ်မလား..?

Wilson ကို မေ့ဆေးပေးသွားတာ ဇာတ်လိုက်မမှန်း ဘယ်လိုသိလဲ မမေးနဲ့.. Vampire နန်းတော်ကြီးထဲအထိ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ပြီး ဇာတ်လိုက်ကိုတောင် မေ့ဆေးပေးသွားနိုင်တာ ဇာတ်လိုက်မအပြင် ဘယ်သူရှိဦးမှာလဲ..?

ဒါနဲ့.. သူမကရော.. ဒီတစ်ခေါက် ဘယ်လိုသေရမှာပါလိမ့်..? ဒီဘဝမှာတော့ သူမက Vampire တစ်ယောက်ဖြစ်နေခဲ့သည်.. သွေးနှောလူသားဖြစ်သည့် ဇာတ်လိုက်ရဲ့သွေးနဲ့ Vampire တွေရဲ့ သဘာဝရန်သူ Werewolf မျိုးနွယ်ရဲ့ သွေးကို တစ်ရက်တည်းမှာပဲ ပြိုင်တူသောက်မိခဲ့ပေမယ့် ကံကောင်းစွာနဲ့ မသေခဲ့ဘူး.. ဒါက အဆိပ်ကို အဆိပ်နဲ့ တိုက်လိုက်တဲ့ သဘောမျိုးပဲ..

Thomas နဲ့လူးလိမ့်မိတိုင်း သူ့ရဲ့သွေးတွေကို မတော်တဆ အနည်းနဲ့အများဆိုသလို သောက်နေမိခဲ့ပေမယ့် သာမန်သွေးလိုသာ ခံစားခဲ့ရတယ်.. သူမရဲ့အထင်တော့ သွေးနှောလူသားရဲ့သွေးရော.. Werewolf တွေရဲ့ သွေးရော.. မတော်တဆဖြစ်ရပ်ကြောင့် သူမခန္ဓာကိုယ်ပေါ်မှာ အစွမ်းမပြတော့ဟန်တူသည်… အဲ့တာဆို Diana ရဲ့ သေဆုံးချင်တဲ့ ဆန္ဒကို ဘယ်လိုမျိုး ဖြည့်ဆည်းပေးနိုင်တော့မလဲ…?

မိုင်လေး မသိမသာ တုန်ယင်သွားသလို လက်ကို တင်းကျပ်စွာ ဆုပ်ထားလိုက်မိသည်.. ဒါက သူမအတွက် ပထမဆုံး အကြောက်တရားပဲ..

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now