2.14

2.1K 217 3
                                    

Unicode

နောက်တစ်ရက်မနက်ပိုင်း...

မိုင်လေး ကျောင်းသွားဖို့ပြင်နေတဲ့အချိန်၌ ဖုန်းဝင်လာခဲ့သည်..

>Ring……..Ring<

“Hello…”

“မိန်းမ ကိုယ်ပါ…….”

စောစောစီးစီး ဒီလူကတော့လေ.. လွမ်းတာနဲ့အတော်ပဲ.. ဟီးဟီး

Coal – “အတွဲတွေ ပိုကို ပိုလွန်းတယ် ဟွန့်”

“ဘယ်သူက မိန်းမလဲ..? အဲ့တာ ဂိမ်းထဲမှာပါနော်.. ဒါနဲ့ ဘာကိစ္စရှိလို့လဲ”

“ကိုယ်အပြင်မှာစောင့်နေတယ်….ကျောင်းတူတူသွားချင်လို့”

“အပြင်မှာ ???”

မိုင်လေး အခန်းလိုက်ကာလေးကို အသာလေးဟ,ကြည့်လိုက်တော့ ခြံအပြင်ထောင့်နားလေးမှာ ကားအနီလေးတစ်စီး ရပ်ထားလေရဲ့...

“ကျွန်မက ကလေးလား.. ? ကျောင်းမသွားတတ်လို့လား….”

“ဒီနေ့မင်္ဂလာနေ့ရက်လေ.. စောင့်နေမယ်နော်”

အမြန်ပြောပြီးဖုန်းချသွားခဲ့တဲ့ သွမ့်ရန်လင်း.. ဘာမှလည်း မဆိုင်ဘူး..

မိုင်လေးပြင်ဆင်ပြီးတာနဲ့ ကျန်းပါးပါးနဲ့ကျန်းမားမားကို သူငယ်ချင်းတစ်ယောက်လာကြိုတယ်လို့ပြောပြီး အိမ်ကစီစဉ်ပေးထားတဲ့ကားကိုမယူပဲ ထွက်လာခဲ့လိုက်သည်.. အမြဲတမ်း လူပေါ်ကျော့လေးလို ဖိုသီဖတ်သီဝတ်စားတတ်တဲ့ကောင်လေးက ဒီနေ့တော့ သေသေသပ်သပ်ဝတ်စားထားပြီး ခန့်ညားချောမောလွန်းနေသည်...

သူမကားနားရောက်တော့ လူကြီးလူကောင်းပီသဟန်ဖြင့် ကားတံခါးဖွင့်ပေးလာခဲ့ပြန်တယ်.. စိတ်ထဲမှာတော့..ကျွန်မကောင်လေး‌ရေ… ရှင်ဒီလိုသာနေ့တိုင်းဝတ်မယ်ဆို ကောင်မလေးတွေ ရှင့်ကုတင်ပေါ်တောင် အလုအယက်တက်မှာ အရမ်းစိုးရိမ်မိပါရဲ့.. အပြင်မှာတော့ မျက်နှာတည်တည်နဲ့ပဲ ကားပေါ်တက်လိုက်သည်...

ကားပေါ်ရောက်တာနဲ့ သူမကိုခါးပတ်ကူပတ်ပေးသလိုနဲ့ ပါးကို မသိမသာခိုးနမ်းသွားပြန်တယ်.. မိုင်လေး မျက်စောင်းထိုးလိုက်တော့ နီရဲနေတဲ့မျက်နှာလေးဖြင့် ကားကိုအာရုံစိုက်ကာမောင်းချင်ယောင်ဆောင်နေတဲ့ကောင်လေး...

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now