6.4

1.5K 200 7
                                    

Unicode

Vampire နန်းတော်၌ နေခဲ့သည်မှာ နှစ်ဝက်ခန့်ပင် ကြာမြင့်ခဲ့ချေပြီ…

“Coalရေ… Coal… နင်ဘယ်မှာလဲ...”

မီးလုံးစုတ်က ဘာလုပ်နေပြန်လဲမသိ… 

Vampire အဖြစ်နေထိုင်ရသည့် အချိန်တွေအတွင်း အရာရာ သက်သောင့်သက်သာရှိသော်ငြား ဆာလောင်မှုကတော့ အရမ်းကို ခံစားရခက်သည်… မူလ Vampire သွေးဆက်ဖြစ်တာကြောင့် သာမာန် Vampire များကဲ့သို့ ခနခန သွေးသောက်ဖို့ မလိုအပ်ပေမယ့် ၃ လ တစ်ခါခန့်တော့ သွေးသောက်ပေးရသေးသည်…

မိုင်လေးက Vampire ကိုယ်ထဲမှာ ရောက်နေပေမယ့် ဝိညဉ်ကတော့ လူသားတစ်ယောက်မျှသာ.. ထို့အတွက်ကြောင့် သွေးသောက်ရမည်ဆိုသည့်ကိစ္စကို တွေးကြည့်ရုံဖြင့်ပင် အော်ဂလီဆန်လှသည်…

ပထမတစ်ခေါက်တုန်းကတော့ Coal ဆီကနေ Pts 300 ဖြင့် သွေးအစားထိုးဂျယ်လီ ဝယ်စားခဲ့ရသည်.. ထို့ကြောင့် အခုလည်း ဗိုက်ဆာလာတာကြောင့် Coal ကို လိုက်ရှာနေခြင်း ဖြစ်၏…

“အရှင်မ.. ဘာလိုအပ်လို့လဲ ခင်ဗျ…”

Wilson က အခန်းထဲကို ဝင်လာခဲ့ပြီး သူမအနားကို ရောက်လာခဲ့တော့သည်… ဒီဇာတ်လိုက်ကောင်လေးက ဇာတ်လိုက်မနဲ့ မတွေ့သေးလို့လားတော့မသိ… အရမ်းကို လိမ္မာလွန်းနေတယ် … ကြီးမားကျယ်ပြန့်သည့် ဒီအခန်းကြီးတစ်ခုလုံးကို နေ့တိုင်းနီးပါး သန့်ရှင်းရေးလုပ်ပေးရင်း ပျော်ရွှင်နေတတ်တာကြောင့် မိုင်လေးတောင်မှ  ဇာတ်လိုက်ကို လူမှားနေသလားဟု ထင်မှတ်ခဲ့ရသေးသည်..

မိုင်လေးက Wilson ကို လျှာသပ်ပြလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်…

“ငါ…. ဗိုက်ဆာလို့..”

“ဗျာ…”

မျက်လုံးပြူးကာ သူမဘေးနားမှ ခပ်ဝေးဝေးကို နောက်ဆုတ်သွားသည့် ဇာတ်လိုက်ကြောင့် ငိုရမလို ရယ်ရမလို ဖြစ်သွားရပြန်သည်… ဇာတ်လိုက်ရဲ့ မျက်နှာပြင်က ဖြူဖျော့နေပြီး‌ ကြောက်လန့်ကာ တုန်လှုပ်နေသည်ကို ဖုံးကွယ်မထားနိုင်ခဲ့…

မူလဇာတ်ကြောင်းအရဆို Diana က Wilson ကို ဦးစားပေးခဲ့တာကြောင့် မနာလိုသူများက သူ့ကို တိတ်တဆိတ် အမြဲတမ်းအနိုင်ကျင့်တတ်ကြပြီး အမုန်းတရားကို တိုးပွားလာစေခဲ့တယ်… မိုင်လေးကတော့ ထိုသို့ မဟုတ်… Wilson ကို အစေခံတစ်ယောက်လိုသာ သဘောထားသည်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now