4.4

1.8K 214 2
                                    

Unicode

မိုင်လေး ညတွင်းချင်းပဲ နဂိုကတည်းက ကြိုတင်စီစဉ်ထားတဲ့ အထုတ်အပိုးတွေကို ယူပြီး‌ ကျောင်းအဆောင်ကို ပြောင်းလိုက်သည်…အနည်းဆုံးတော့ မျက်နှာဖုံးဝတ်ထားတဲ့သူဆီက အနှောင့်အယှက်ကင်းတာပေါ့…

“အဆောင်မှာနေမယ်ဆို စည်းကမ်းတွေတော့ လိုက်နာရမယ်နော် ကျောင်းသူ”

“ဟုတ်ကဲ့ အဆောင်မှူး”

ညတွင်းချင်းရောက်လာပေမယ့် စိတ်ထားကောင်းသည့် ကျောင်းအဆောင်မှူးက သူမကို ကောင်းကောင်းမွန်မွန်ပင် အခန်းစီစဉ်ပေးသည်…ကျောင်း၏အဆောင်ခန်းများက နှစ်ယောက်ခန်းဖြစ်ပြီး သူမနေရမည့် အခန်းထဲမှာ‌တော့ အခန်းဖော်တစ်ယောက်ရှိနှင့်သည်လို့ဆိုသည်…

မိုင်လေး အဆောင်မှူးညွှန်းလိုက်သည့် အခန်းနံပါတ်အတိုင်း laggage ကို ဆွဲကာ အခန်းလိုက်ရှာလိုက်သည်…. ကျောင်းအဆောင်က ၄ထပ်အဆောင်ဖြစ်ပြီး သူမနေရမည့်အခန်းက အပေါ်ဆုံး၄ထပ်မြောက်  ထောင့်စွန်းအခန်း…

အခန်းရှေ့ရောက်သည်နှင့်အခန်းတံခါးခေါက်လိုက်တော့ ကောင်မလေးတစ်ယောက်က တံခါးဖွင့်ပေးလာသည်…

“Hello …နင်က အဆောင်မှူးပြောထားတဲ့….အမ်..နင်လား”

ကျောင်းကစီစဉ်ပေးလိုက်သည့် အခန်းဖော်က ဇာတ်လိုက်မ လင်းယွဲ့ဖြစ်နေသည်…သူမက ခုမှရေချိုးပြီးသည်ထင်၏…ရေစိုနေသည့်ဆံပင် မိတ်ကပ်မပါသည့်မျက်နှာဖြင့်တောင် ဇာတ်လိုက်မပီပီ ဆွဲဆောင်မှုရှိစွာဖြင့် လှပနေလေသည်….

“အွန်း…”

မိုင်လေး လူအချင်းချင်း အတင်းကြီး အံ့ဩပြနေသည့် ဇာတ်လိုက်မကို ပြန်ဖြေချင်စိတ်မရှိသည့်အတွက် တံခါးသာ တွန်းဖွင့်ပြီး အခန်းထဲ ဝင်သွားလိုက်သည်….

အခန်းက လူနှစ်ယောက်သက်သက်သာသာ နေလို့ရအောင် ကျယ်ဝန်းပြီး ခုတင်နှစ်လုံးရှိကာ ခုတင်ဘေးတွင် စားပွဲတစ်လုံးစီလည်း ထားပေးထားသည်…ခုတင်တစ်လုံးမှာတော့ လင်းယွဲ့၏ပစ္စည်းများဖြင့် ပြည့်နှက်လို့နေတယ်…မိုင်လေး အပိုစကားတွေမပြောတော့ပဲ.လွတ်နေတဲ့ခုတင်မှာ အထုတ်အပိုးချပြီး အနားယူလို့ရအောင် ပြင်ဆင်လိုက်သည်…

Forever More  ( ထာဝရထက်ပို၍ )Where stories live. Discover now