ကျေးဇူးတင်လွှာ
1.1K 132 6
‘မာယာ’ကိုဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ခြူကကျေးဇူးအများကြီးတင်ပါတယ်။ Voteပေးတဲ့သူလေးတွေ၊ Reading listsထဲထည့်ပေးကြတဲ့သူလေးတွေ၊ commentsပေးကြတဲ့သူလေးတွေ၊ Silent readersလေးတွေ အားလုံးအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။
Ongoingလိုက်ပေးကြတဲ့သူလေးတွေကျေးဇူးပါ။ စာရေးဖို့စိတ်မပါတိုင်း commentလေးတစ်ခုတွေ့လိုက်ရင်တောင် ဪ..ငါficလေးကိုအားပေးတဲ့သူရှိပါလားဆိုတဲ့စိတ်နဲ့အားဖြစ်ရပါတယ်။ တကယ်ကျေးဇူးပါ။
ဒါလေးကခြူရေးတဲ့နှစ်ခုမြောက် ပြီးဆုံးခြင်းမှတ်တိုင်‌လေး‌ပေါ့။ မာယာကို စစရေးခြင်းတုန်းကအားရခဲ့ပေမယ့် နောက်ပိုင်းကိုသိပ်အားမရဘူး။ စာဖတ်သူတို့အတွက် ပေါ့သက်သက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ခြူအများကြီး ကြိုးစားပြီးရေးထားတာကိုတော့ အာမခံပါတယ်။
မာယာကိုရေးရင်းအမှတ်တရတစ်ခုကို‌ပြောပြမယ်။ နယူးရီးရားညမှာ ဇာတ်သိမ်းကိုတင်ပေးမယ်ဆိုပြီး အားကြိုးမာန်တက်ရေးလိုက်တာဆယ်နာရီလောက်မှာပြီးသွားတာထင်တယ်။ သေချာမမှတ်မိတော့ဘူး။ အဲ့တာနဲ့ပဲ ကျေးဇူးတင်လွှာကိုတခါတည်းရေးတယ်။ အတူတင်ပေးမယ်ပေါ့။ ရေးလဲရေးပြီးရော။ ဇာတ်သိမ်းပိုင်းကြီးကိုမှားဖျက်မိလိုက်ရော။ ဘယ်လိုမှပြန်ယူလို့မရဘူး။ ကိုယ့်မှာ သူများတွေနယူးရီးရားနေတဲ့အချိန် ငိုချင်လိုက်တာ‌ဆိုတာလေ။ နောက်နေ့ကိုအဲ့အတိုင်းပြန်ရေးကြည့်တယ်။ ဘယ်လိုမှအာရုံမလာတော့ဘူး။ မထူးပါဘူးဆိုပြီး အရင်ရေးထားတဲ့အတိုင်းမဟုတ်ဘဲ ဇာတ်သိမ်းကိုနောက်တစ်မျိုးပြင်ရေးလိုက်တယ်။ တကယ်ဆိုအပိုင်း၃၂က ဇာတ်သိမ်းပိုင်းဖြစ်မှာ။ ဒါကတော့အမှတ်တရဖြစ်သွားတာပေါ့။
Chuu...💗
Chuu...💗
MAYA (မာယာ)Место, где живут истории. Откройте их для себя