Part 27 (Uni)

2.8K 264 5
                                    

အပိုင်း ၂၇

မိုးချုပ်စ မီးများထွန်းချိန်တွင် သူတို့နှစ်ယောက်အိမ်ပြန်ရောက်ကြသည်။ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို ကြားရသောစကားမှာ အဆင်မပြေလှ။ ဘွားဒေါ်မြရာက ‌ပြန်ရောက်တာနဲ့ မာယာ့ကိုသူ့အခန်းထဲလွှတ်လိုက်ဟု မှာထားလေသည်။

မုန်တိုင်းပြီးရင် လေပြေပဲလာသလော၊
လေပြေပြီးရင် မုန်တိုင်းပဲလာသလော။

"ငါလိုက်ခဲ့ပေးမယ် စိတ်မပူနဲ့ "

လက်ချောင်းများကြား ခပ်တင်းတင်းတိုးဝင်လာသော တင်းကြပ်မှုကို မာယာရုန်းကာပြုံးပြလိုက်သည်။

"ငါတစ်ယောက်ထဲသွားလိုက်မယ်လှိုင်း ဘွားကငါ့ကိုပဲခေါ်တာလေ နင်ပင်ပန်းနေရော့မယ် ရေချိုးထားနှင့်လိုက် ပြီးရင်ငါလိုက်လာမယ် "

အခန်းဘက်သို့အတင်းတွန်းကာလွတ်မှ လှိုင်းကမသွားချင်သွားချင်ဖြင့် ထွက်သွားသည်။ မာယာသည် လှိုင်းအခန်းထဲဝင်သွားချိန်ထိ စောင့်ကြည့်လိုက်ပြီးမှ ဘွားနေရာအခန်းကိုတံခါးခေါက်လိုက်သည်။ ဘွားခေါ်ခိုင်းလျှင် မာယာတံခါးခေါက်ပြီးမှဝင်လေ့ရှိပြီး ကိုယ့်သဘောနှင့်ကိုယ် ဝင်ချင်လျှင်တော့ တိတ်တဆိတ် ဝင်သွားလေ့ရှိသည်။

"ဝင်ခဲ့ "

အမိန့်သံအဆုံးမာယာ လက်နှစ်ဖက်ကိုတင်းတင်းဆုပ်လျက် အခန်းထဲသို့ဝင်မိသည်။

"ရော့ ဖတ်ကြည့် "

လွင့်ကျလာသောစာတစ်စောင်က မာယာ့ခြေထောက်အနီးမှာ။

"အဲ့လက်ရေးက အတုအစစ်ဆိုတာကိုတော့မင်းခွဲတတ်မှာပါ "

မြင်ရုံနှင့်ပင် ခွဲစရာမလိုအောင် ထိုလက်ရေးအားမာယာမှတ်မိပါသည်။ ရေးတတ်ဖတ်တတ်ရုံပညာ သင်ခဲ့ရသော မာယာ့ဖေဖေဦးဟန်လင်း၏လက်ရေးတို့က လှပမနေ‌သော်လည်း ဖေဖေ့လက်ရေးပါဟု မာယာသိပါသည်။ဖေဖေဟာ မသေခင်ကအကြောင်းစုံပြောပြခဲ့သလို စာအုပ်တစ်အုပ်ကိုလည်းပေးခဲ့ဖူးသည်။

စာကိုဖတ်ပြီးချိန်တွင် မာယာ့လက်များမသိမသာ တုန်ယင်လာသည်။

"မင်းအသက်နှစ်ဆယ်ပြည့်ပြီးတာကြာပေါ့ ငါကမင်းဒီမှာပဲနေချင်သေးတယ်ဆိုလို့ ဒီစာကိုထုတ်မပြခဲ့တာ မင်း‌အဖေရဲ့ဆန္ဒကိုတော့ မလွန်ဆန်ဘူးမလား အဲ့တော့မနက်ဖြန်ကစပြီး ငါ့အိမ်ကထွက်သွားလို့ရပြီ "

MAYA (မာယာ)حيث تعيش القصص. اكتشف الآن