အပိုင်း ၂၉
တစ်ပတ်အကြာ။
ပိုးသဒ္ဓါအလုပ်ပိတ်ရက်ဖြစ်သဖြင့် အိမ်တွင်ဖက်ထုပ်ကြော်စားချင်သည်ဟုဆိုကာ Marketတစ်ခုအား ဇွတ်ခေါ်လာသဖြင့် မာယာမလိုက်ချင်ဘဲပါလာရသည်။
တွေ့သမျှတွေကိုဈေးဝယ်ခြင်းထဲ ဇွတ်ထဲနေသူအားတားမရ။ ဖက်ထုပ်လုပ်ရာတွင်ပါဝင်သောပစ္စည်းများအပြင် ခေါက်ဆွဲဘူးအမျိုးမျိုးလဲပါသလို၊ အာလူးကြော်ဘူးများလည်း မကျန်အကုန်ဝယ်နေသည်။
" ပိုးတော်လောက်ပြီ.. "
" နေပါအမြဲဝယ်ဖြစ်တာမှမဟုတ်ဘဲ အိမ်မှာနင်ပျင်းနေရင်စားရအောင် "
မာယာ့ကိုလှည့်ပြောရင်းမှ ရှေ့ကိုဆက်သွားရာ တစ်ဖက်ကလာသူနှင့် ပုခုံးချင်းတိုက်မိလေသည်။ အရှိန်မှာမသေးသဖြင့် နောက်တစ်လှမ်းယိုင်သွားရသည်။ ပိုးသဒ္ဓါစိတ်တိုစွာဖြင့် တစ်ဖက်သူကိုကြည့်လျှင် လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲထည့်ကာ မေးငေါ့ပြလာပုံက ဖြတ်ရိုက်ချင်စရာကောင်း၏။
" လှိုင်း.. "
မာယာ့ထံမှဝမ်းသာအားရ ထွက်လာသောအသံကို ပိုးမကြားချင်ယောင်ဆောင်ကာ သူမရှေ့မှဂျစ်ကန်ကန်အနှီကောင်မလေးအား ပုခုံးချင်း ပြန်တိုက်ပေးလိုက်သည်။ ထိုအခါ လှိုင်းဘွဲ့ကလည်း သူမကိုပြန်တိုက်ရန်ပြင်ပြင်လေသည်။ ကြားထဲနေမနေသာသော မာယာမှာ နှစ်ယောက်ကြားဝင်ရပ်ကာ ဖြေရှင်းရတော့သည်။
" အာ ပိုးတို့ကလဲကလေးတွေလဲမဟုတ်ဘဲနဲ့ လူတွေကြည့်ကုန်ကြပြီ တော်ကြတော့"
ပိုးဘေးကိုလှည့်ကြည့်တော့မှ ဈေးဝယ်သူတစ်ချို့က သူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
" ငါ့ဆီလာတာလားလှိုင်း "
" ဟုတ်တယ် "
ပြန်ဖြေပုံမှာ တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရသည့်မျက်နှာမျိုးနှင့်ဖြစ်သည်။ မာယာကထိုကလေးမအား ဘာကြောင့်သဘောကျသလဲပိုးစဉ်းစားမရ။ အချိုးပြေတာတစ်ကွက်မှမရှိချေ။
" လိုက်ခဲ့လေ ဒါဆို "
မာယာကပြောပြောဆိုဆိုဖြင့် နှစ်ယောက်ကြားဝင်ရပ်ကာ တစ်ဖက်စီလက်တွဲချိတ်လျက် ငွေရှင်းကောင်တာသို့ဦးတည်နေသည်။ ပိုးလဲဈေးဝယ်ရန်စိတ်မပါတော့သည်မို့ မာယာခေါ်ရာနောက်သာလိုက်လာရသည်။ လှိုင်းဘွဲ့ကလည်းမငြင်းချေ။
YOU ARE READING
MAYA (မာယာ)