Part 28 (Zawgi)

805 41 0
                                    

အပိုင်း ၂၈

အအိပ်ဆတ်‌သောလှိုင်းဘွဲ့သည် သည်ကနေ့တွင် နောက်ကျမှနိုးလာသည်။ မနေ့ညကအကြောင်းအရာများကခေါင်းထဲပြန်ရောက်လာတော့ ဆတ်ခနဲပင်။မျက်လုံးကိုချက်ချင်းဖွင့်ကာ ဘေးမှာရှိ‌နေမည့်‌ ကောင်မလေးကိုကြည့်လိုက်သည်။ သို့သော် သူမထက် စောထနေကျဖြစ်သောမာယာက အနားတွင်ရှိမနေ။ မနက်စောစောစီးစီး အလိုမကျမှုကြောင့် လှိုင်းဘွဲ့မျက်ခုံးနှစ်ဖက်ကို‌တွန့်ချိုးလိုက်သည်။ ပြီးလျှင် အိပ်ရာထက်မှထထိုင်ကာ ပြေလျော့နေသော အဝတ်အစားများကို သေချာပြင်ဝတ်၍ မာယာ့ကိုရှာရန်ပြင်ရသည်။ မရှာခင်မျက်နှာအရင်သစ်ဖို့လိုသည်မို့ ရေချိုးခန်းသို့ဝင်လိုက်သည်။ ရေချိုးခန်းထဲဝင်လိုက်သည်နှင့် တွန့်ချိုးထားသော မျက်ခုံးများပြေကျသွားရသည်။

မနက်ခင်း၏အလှတရားက ရေချိုးခန်းထဲရောက်နေသည်လေ။

မာယာက ကြည်ကြည်သာသာပြုံး၍ သွားတိုက်ရင်းနေရင်းမှ မောနင်းဟုနှုတ်ဆက်သည်။ လှိုင်းဘွဲ့မာယာ့အနားသွားကာ အနောက်မှနေ၍ ခါးကိုခပ်လျော့လျော့ဖက်တွယ်ထားလိုက်သည်။ မျက်နှာကိုဘယ်ဘက်ပုခုံးထက်မှီတင်လျက်မှ ဘေစင်ရှိမှန်တွင်ပေါ်နေသော မာယာ့မျက်နှာကိုငေးမိသည်။

သွားတိုက်ဆေးများဖြူဖြူများပေနေသောမျက်နှာဖြင့် မာယာကမျက်ဆံပြာပြာတို့ကိုတမင်ပြူးကျယ်ကာ  မှန်ထဲမှတစ်ဆင့်သူမကိုပြန်ကြည့်သည်။သွားတိုက်တံမကိုင်ထားသော လက်တစ်ဖက်ကလည်းလက်ဖဝါးဖြန့်၍မြောက်ပြကာ ဘာလဲဆိုသည့်သဘောဖြင့်မေးသည်။ ထိုပုံစံကိုလှိုင်းဘွဲ့အူယားလွန်းသဖြင့် မေးတင်ထားရက်မှ ဘယ်ဘက်ပါးကိုနမ်းတော့ ပြူးကျယ်ထားသော မျက်ဆံပြာများကို ထက်အောက်လည်ပြပြန်သည်။

မာယာကလှယုံမကဘဲထိုသို့လဲ ချစ်စရာကောင်းသေးတာ။

သွားတိုက်ကာပလုတ်ရေကျင်းပြီးသည်ထိ လှိုင်းဘွဲ့မာယာ့ကို ဖက်လျက်သားနဲ့ကြည့်နေမိတုန်း။

လှိုင်းဘွဲ့နှင့်မတူဘဲ မျက်နှာကိုအရင်သစ်ပြီးမှ သွားတိုက်ဟန်ရှိသောမာယာက မျက်နှာသစ်ခြင်းအမှုကပြီးစီးလို့နေပြီ။ လှိုင်းဘွဲ့မဖယ်ပေးချင် ဖယ်ပေးချင်ဖြင့် ဖယ်ပေးလိုက်ရသည်။ ရိပ်မိ၍လားမသိမာယာက ရယ်ကာသူမဘက်သို့လှည့်လာပြီး ပါးကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်သည်။ ပြီးနောက် တဖြေးဖြေးတိုးကပ်လာသောမျက်နှာကြောင့်...

MAYA (မာယာ)Where stories live. Discover now