Part 21 (Uni)

2.7K 281 4
                                    

အပိုင်း ၂၁

"ဘွား..."

ညကိုးနာရီဆိုသောအချိန်သည် လူကြီးတစ်ယောက်နားချိန်ဆိုတာကို လှိုင်းသံယာဘွဲ့ထည့်မတွက်နိုင်ခဲ့။ သွက်လက်စွာနှင့်ပင် ဘွားအခန်းထဲဇွတ်တရွတ်ဝင်လာသည်။ သို့သော် ဘွားဒေါ်မြရာသည် အိပ်မနေဘဲ ခုံတွင်ထိုင်၍စာတစ်စောင်ကိုရေးနေခဲ့သည်။

"ဒီချိန်ကြီး ဘာလာလုပ်တာလဲလှိုင်းဘွဲ့"

အေးဆေးစွာပင် ပြန်မေးသည့်ဘွားမြရာက သိပ်ကိုသဘောကောင်းပြီး စိတ်ထားမွန်မြတ်သည့်လူကြီးတစ်ယောက်နှင့်ဆင်တူပါ၏။ ဘွားဒေါ်မြရာသည်လည်း မာယာ့လိုပင်သရုပ်ဆောင်ကောင်းပါ၏။

" မာယာ့ကိုတန်းလျားမှာပဲနေခိုင်းခဲ့တယ်ဆိုတာ ဟုတ်သလားဘွား "

"ဟုတ်တယ် သူကမင်းအတွက် တောက်တိုမယ်ရခိုင်းဖို့ငယ်ငယ်ကတည်းက လက်သပ်မွေးထားတာ မင်းကျောင်းသွားတက်နေတဲ့ချိန်မှာ သူ့ကိုဘာကိစ္စအိမ်ကြီးပေါ်မှာ ထားရမလဲ ဒါကိုအဓိပ္ပါယ်ရှိတယ်ထင်နေတာလား လှိုင်းဘွဲ့"

ဘွားဒေါ်မြရာသည် ရေးလက်စစာကိုလက်စသတ်ကာ စာအိတ်ကြီးတစ်ခုတွင်းသို့ထည့်လိုက်သည်။

"မဟုတ်သေးဘူးဘွား လွန်ခဲ့တဲ့ငါးနှစ်က မာယာ့ကိုကျောင်းထားပေးဖို့နဲ့ဒီအိမ်မှာဆက်ရှိနေဖို့အတွက် ဘွားခိုင်းတဲ့အလုပ်ကို လုပ်ပေးခဲ့တယ် ပြီးတော့ဟိုမှာပဲ တစ်ခေါက်တောင်ပြန်မလာဘဲကျောင်းဆက်တက်ပေးခဲ့တယ် ဒါပေမယ့်ဘွားကကျတော့ ကတိမတည်ခဲ့ဘူးလေ "

"ငါသူ့ကို ကျောင်းတက်စေခဲ့တယ်လေ အိမ်မှာလဲနေစေခဲ့တာပဲမဟုတ်ဘူးလား "

ဘွားဒေါ်မြရာသည် လှိုင်းထင်ထားတာထက်ပင် အများကြီးပိုပါးနပ်၏။ အတွေ့အကြုံနှင့်အသက်အရွယ်က အရေးပါပုံပင်။

"ပြီးတော့ မင်းကိုစဉ်းစားခိုင်းထားတဲ့ကိစ္စ မာယာ့ကိုဟိုကလေးမနဲ့ထည့်ပေးလိုက်ဖို့ ဘယ်လိုလဲစဉ်းစားပြီးပလားမြေး "

လှိုင်းသံယာဘွဲ့ လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်လိုက်သည်။ စဉ်းစားစရာအကြောင်းမှမရှိဘဲ။

MAYA (မာယာ)Where stories live. Discover now