Part 6 (Uni)

2.9K 318 0
                                    

အပိုင်း ၆

ငယ်ငယ်ကလို တစ်ခွန်းမကျန်ပြန်ပြောတတ်သော၊ ဖြစ်ချင်တာကိုဖော်ထုတ်တတ်သော ကလေးငယ်အားအလိုရှိ၏။ ဖြူစင်သော မာယာအားလှိုင်းဘွဲ့ပြန်လိုချင်၏။ သို့သော် ဘယ်အရာကမာယာ့ကိုယခုလို ပြောင်းလဲစေသလဲ လှိုင်းဘွဲ့မသိ။ လှိုင်းဘွဲ့သိတာ မာယာကအရင်ကလိုမဟုတ်ဘဲ ပြောင်းလဲသွားတယ်ဆိုတာကိုပင်။

သို့သော် မာယာဘာတွေပြောင်းလဲသွားသည်ကို အကောင်အထည်မပြနိုင်။ လှိုင်းဘွဲ့စိတ်ထဲ၌သာ မာယာ ပြောင်းလဲသွားတာကိုအတပ်သိ၏။

လှိုင်းဘွဲ့ မာယာစပြောင်းလဲစတုန်းက ထိုစကားများကို ရာသန့်အားပြောပြဖူးသော်လည်း မယုံ။ မာယာပြောင်းလဲသွားသည်ဆိုတာကို ဘယ်သူမှမယုံကြ။ ယုတ်စွအဆုံး မာယာက အားလုံး၏အချစ်ကိုလက်ခံနေရ၍ နင်မာယာ့ကိုမနာလိုနေတာဟု အပြောခံရသည်အထိ မာယာပြောင်းလဲနေခဲ့တာကို လှိုင်းသံယာဘွဲ့တစ်ယောက်သာသိ၏။

မာယာက ဟန်ဆောင်ကောင်းစွာပင် မာယာတို့ဖြင့် ဖုံးကွယ်ထားသည်။

မာယာက ဟန်ဆောင်မျက်နှာဖုံးတပ်ထားသောအခါ လှိုင်းဘွဲ့က ထိုမျက်နှာဖုံးကိုခွဲချနိုင်ဖို့ကြိုးစားချင်ပါသည်။ အတုယောင်မာယာတွေမလိုဘဲ အရှိကိုအရှိတိုင်း ရိုးသားလက်ခံသည့်မာယာကိုသာ လိုချင်သည်။

သူရိပ်မိနေခြင်းကို မာယာအားမသိစေလို။ သို့သော်သူသည် မာယာ့လိုဟန်ဆောင်မကောင်းပြန်။  ထိုအခါ မလိုအပ်သောစကားတို့ကို မဆိုဘဲ တိတ်ဆိတ်စွာပင် ပြောင်းလဲပစ်ဖို့ လှိုင်းဘွဲ့ကြိုးစားရသည်။

မာယာသွားတိုက်ဆေးထည့်ပေးထားသော အပြာရင့်ရောင် သွားပွတ်တံကိုကြည့်ကာ ရေဖြင့်ဆေးချလိုက်သည်။ အတုအယောင်မာယာဆီက လှိုင်းဘွဲ့ဘာကိုမှ မလိုချင်။

'ဒေါက် ဒေါက်...လှိုင်းဘွဲ့'

အပြင်မှတံခါးခေါက်သံကြောင့် လှိုင်းဘွဲ့သွားတိုက်တံကိုချကာ အပြင်သို့ထွက်လာရသည်။

တံခါးဝတွင်ရှိနေသူက ရာဦးသန့်။

'ဘာလဲရာသန့် ပြောစရာရှိရင်နောက်မှပြော ငါမျက်နှာမသစ်ရသေးဘူး'

MAYA (မာယာ)Where stories live. Discover now