Part 12 (Uni)

2.7K 283 3
                                    

အပိုင်း ၁၂

ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ရောက်လာပြီးမှ အခန်းထဲရောက်ရောက်ချင်း ဆောက်နဲ့ထွင်းကာ လှိုင်းဘွဲ့ပြောလိုက်သော စကားမှာ မာယာ့အားများစွာဆွံအသွား‌စေသည်။

ဆွံအလွန်း၍  ကြောင်ရပ်နေသည်အထိ။

'ဖြစ်တယ်မလား မာယာ ငါသေချာပြောထားပြီးပြီ ဒီတစ်ရက်ပါပဲ ငါအခန်း‌ရှေ့ထိလိုက်ပို့ပေးမယ်'

သူ့လက်အားဆွဲကာ ခေါ်လာသည်အထိဘာမျှမတုံ့ပြန်မိသေး။ ရာဦးသန့်နေခဲ့သော အခန်းရှေ့ရောက်မှ သတိတို့ဝင်လာကာ လှိုင်းဘွဲ့လက်ထဲမှသူ့လက်ကို အတင်းရုန်းမိသည်။

'နေအုံး လှိုင်းဘွဲ့ ဘာလို့လဲ ငါနဲ့တစ်သက်လုံးနေလာပြီး ဒီညမှဘာလို့ငါ့ကိုဒီမှာ အိပ်ခိုင်းရတာလဲ'

'ဒီတစ်ညထဲပါ မာယာရဲ့ ငါလုပ်စရာလေးရှိနေလို့'

'အဲ့လုပ်စရာကဘာလဲ ငါနားလည်အောင်ပြော လှိုင်းဘွဲ့'

အရင်ကဆိုလှိုင်းဘွဲ့စကားဆို များသောအားဖြင့် မာယာအထွန့်မတက်ပါ။ အခုကကျ မဟုတ်သေးဘူးမလား။ ရုတ်တရက်ကြီး အကြောင်းပြချက်ရေရေရာရာမရှိပါဘဲ သူ့ကိုနှင်နေသည်။

'မာယာရာ...ငါဘယ်လိုပြောရမလဲ လုပ်စရာရှိလို့ပါဆို'

'ငါမေးနေတာလဲရှင်းရှင်းလေး ဘာလုပ်စရာမို့ငါ့ကိုတခြားအခန်းမှာအိပ်ခိုင်းရတဲ့အထိလဲ ငါလက်ခံနိုင်လောက်အောင် အကြောင်းပြချက်ပေးလှိုင်းဘွဲ့...'

လှိုင်းဘွဲ့စကားကို နိုင်အောင်မပြောနိုင်၊ မရှင်းပြနိုင်တော့သောအခါ နောက်ဆုံးလက်နက်ကိုသာထုတ်သုံး၍ သူ့ရှေ့မှကောင်မလေး၏ မျက်ဝန်းလဲ့ပြာပြာများကို အကြည့်ချင်းဆုံစေကာ ခပ်စိမ်းစိမ်းစိုက်ကြည့်ပေးလိုက်သည်။ ထို့ပြင် ကျော့ရှင်းသေသပ်သော နှုတ်ခမ်းများကိုအလုပ်ပေး၍ တိုက်စစ်ကိုဆင်လိုက်သည်။

'ငါကအဲ့လောက်ထိ ရှင်းပြဖို့လိုလို့လားမာယာ
ငါကတခြားအခန်းမှာသွားအိပ်ပေးဆိုရင် အိပ်ပေးရမှာပဲမလား ပစားထားလို့ရောင့်တက်မလာနဲ့ ...
အတိုင်းအတာတစ်ခုထိပဲကောင်းတယ်'

MAYA (မာယာ)Where stories live. Discover now