Part 23 (Uni)

2.7K 298 4
                                    

အပိုင်း ၂၃

စခန်းသို့ရောက်လျှင် ဒဏ်ရာပလပွနှင့်လူနှစ်ဦးအား ဦးစွာတွေ့လေသည်။ မျက်နှာတွင် အထိုးခံထားရသောဒဏ်ရာဖြင့်ယောင်ယမ်းနေသော်လည်း အတော်လေးဒေါသထွက်နေဟန်ရှိသည်။

မာယာသည် ထိုနှစ်ယောက်အားစေ့စေ့ကြည့်သော် တစ်ယောက်ကမသိမသာ လက်မထောင်ပြ၏။

"ကျွန်မသားတွေကရော ဆရာ "

"ခနထိန်းသိမ်းထားပါတယ် ခင်ဗျားသားတွေလုပ်ထားတဲ့သူကိုလည်း ကြည့်အုံးလေ သူငယ်ချင်းအချင်းချင်းရန်ဖြစ်စကားများတာ ဒီလောက်ထိမှမလိုတာ"

စခန်းမှူးသည် မျက်နှာထားတည်တည်ဖြင့်ငေါက်၏။ ထိုအခါ ဒေါ်အေးအေးရာကမျက်နှာကို ပင့်ချီကာ...

"ကျွန်မတို့ဘက်က ဆေးဖိုးအပြည့်အဝလျော်ပေးနိုင်ပါတယ်ဆရာ ဘယ်လောက်ပေးရမလဲသာပြော"

"အဲ့တာတွေခက်တာပဲ ခင်ဗျားတို့က ကိုယ့်သားသမီးကိုဆုံးမပဲ့ပြင်မယ်မရှိဘူး လူမိုက်အားပေးလုပ်နေကြတယ် ဒါကြောင့်လဲကလေးတွေကလူဆိုး‌တွေဖြစ်နေတာ"

စခန်းမှူးနှင့် ဒေါ်အေးရာတို့အခြေအတင်စကားများနေခိုက် ရာဦးသန့်သည် ထိုနေရာသို့သုတ်သုတ်ပြာပြာဖြင့်ရောက်ရှိလာသည်။ ထို့အပြင် မာယာ့ကိုမြင်ကာ အံဩသွားဟန်လည်းရှိ၏။

" ဘယ်လိုဖြစ်တာတဲ့လဲမာယာ"

"အဲ့မှာတာကြည့်တော့ ရာသန့် ငါလဲသေချာမသိဘူး"

စခန်းမှူးသည် ရှေ့ကကောင်လေးနှစ်ယောက်အား ကြည့်ကာ...

"ငါ့ညီတို့က ကြေအေးပေးနိုင်သလား "

"လုံးဝကြေအေးမပေးနိုင်ဘူးဆရာ ကျွန်တော်တို့ကတစ်ဖက်သတ်ခံရတာ "

ရာဦးသန့် ခံထားရဖွယ်ရှိသောနှစ်ယောက်အားကြည့်လိုက်သည်။ တစ်နေရာတွင်မြင်ဖူးနေသလိုရှိ၏။ သို့သော် သူစဉ်းစားမရချေ။

"အရင်ဆုံး သားတွေနဲ့တွေ့ခွင့်ပေးပါအုံး "

ဒေါ်အေးရာသည် စခန်းမှူး၏ခွင့်ပြုချက်ဖြင့် ရာဦးသန့်ကိုခေါ်ကာ အမွှာနှစ်ယောက်အားသွားတွေ့လေသည်။ စခန်းမှူးသည်လည်း သူ့တပည့်တစ်ယောက်ကလာခေါ်သဖြင့် တစ်နေရာကိုထွက်သွားသည်။ မာယာနှင့် ထိုလူနှစ်ယောက်သာကျန်ရစ်ခဲ့သည်။

MAYA (မာယာ)Where stories live. Discover now