Part 31 (Uni)

2.7K 301 5
                                    

အပိုင်း ၃၁

"အဲ့တော့မာယာကဘာပြန်ပြောလဲ"

"ငြင်းတယ်ငါ့ကိုမချစ်ဘူးတဲ့"

ရာဦးသန့်သည် သက်ပြင်းချလျက်ပြောရင်း ထိုင်ခုံကိုနောက်‌ကျောမှီချလိုက်သည်။ လှိုင်းဘွဲ့ကထူးဆန်းစွာ သူငှားနေသောတိုက်ခန်းထိရောက်လာပြီး ဟိုတလောကအကိုလေးတို့နှင့်ပတ်သက်သည့်လူအကြောင်းမေးနေသည်။ မာယာ့နှင့်ပတ်သက်နေတာမို့ ရာသန့်မဖြေချင်။ စကားလမ်းကြောင်းလွဲ၍မာယာ့ကို ဖွင့်ပြောထားကြောင်းပြောရသည်။ မာယာက ထိုနေ့ကတည်းကဖုန်းလဲမကိုင်တော့။ ပိုးသဒ္ဓါအိမ်သွားတွေ့ရန်မှာလည်း အဆင်မပြေ။

"ရာဦးသန့် သေချာနားထောင်ငါပြောမယ် မာယာကခိုင်းခဲ့တာမလား ကိုခန့်ကိုမြတ်တို့နဲ့ပြသနာတက်အောင်လေ ပြီးတော့ရှိသေးတယ် ကိုဘုန်းအနုပညာလောကကနားရအောင်လဲသူပဲလုပ်ထားတာ ကိုဇွဲထက်ကိစ္စလဲသူနဲ့မကင်းဘူး "

"ဘာ.. ဘယ်လို"

"ဟုတ်တယ် မာယာကငါတို့မိသားစုကိုမုန်းနေခဲ့တာ အခုလဲသူအပြင်မှာနေပြီး ငါတို့မိသားစုဝင်တွေကိုတိုက်ခိုက်ဖို့ အခွင့်ရှာနေမှာ"

"ဘာတွေလဲ ငါနားမလည်ဘူး"

လှိုင်းဘွဲ့သည် ရာသန့်အားသူသိသမျှတော်တော်များများပြောပြလိုက်သည်။ လှိုင်းဘွဲ့အနေဖြင့် ဘွားဒေါ်မြရာနှင့်လဲလမ်းမတူသလို မာယာနှင့်လဲလမ်းမတူ။ မာယာ့ကိုထိခိုက်မှုနည်းမည့်လမ်းကိုရွေးရမည်သဖြင့် မာယာ့ကိုချစ်သူနှင့်သာ အဖွဲ့ဖွဲ့ရလိမ့်မည်။

"ဒါဆို သူ့အဖေအရင်းက အဘိုးနဲ့တူတူယာဉ်တိုက်မှုမှာဆုံးသွားတဲ့တစ်ယောက်လား"

"ဖြစ်နိုင်တယ် ရှိသေးတယ်ငါမေမေ့ကိုအစ်အောက်မေးကြည့်ထားတာ မေမေတို့ငယ်ငယ်ကတော်တော်ဆင်းရဲတယ်တဲ့။ ကျန်တာတွေတော့ဘယ်လိုမှမေးမရဘူး။ ဗြုန်းစားကြီးအခုလိုချမ်းသာလာတာ မရိုးသားဘူးမလား။ မာယာကတော့တော်တော်များများ သိထားမှာပဲ။ ဘွားတို့ချမ်းသာလာတာ အဲ့လူနဲ့များဆိုင်နေမလား"

"နေ‌အုံး နေအုံးလှိုင်းဘွဲ့။ ငါတို့ကအခုမာယာ့ကိုတားရမှာလား ကူညီရမှာလား"

MAYA (မာယာ)Where stories live. Discover now