Part 22 (Uni)

2.8K 287 6
                                    

အပိုင်း ၂၂

"အို ငါမသွားချင်ပါဘူးနင်သွားလိုက် "

"ကျွန်မလည်းမသွားချင်ပါဘူး မမကြီးပဲသွားလိုက်"

ခင်မာရီနှင့် ခင်ပြုံးရီတို့ညီအစ်မသည် Mr.Jamesအား ထမင်းပွဲပြင်ပေးရန်အလုပ်အား တွက်ကပ်ကာ ငြင်းဆိုနေကြသည်။

"မမကြီးတို့မသွားလဲနေ ကျွန်မပဲသွားလိုက်မယ် "

မြမြလွင်သည် စကားဝိုင်းထဲဝင်လာကာ ကျော့ကျော့မော့မော့ပြင်ဆင်လျက် အိမ်မကြီးဘက်သို့ သွက်လက်စွာထွက်သွားလေသည်။ ခင်မာရီနှင့်ခင်ပြုံးရီတို့မှာ ခေါင်းခါရုံမှတစ်ပါး မတတ်နိုင်ခဲ့။

မြမြလွင်သည် နိုက်ကလပ်တစ်ခုတွင် အဆိုမယ်လုပ်သည်။ ပိုက်ဆံရှိသူများအား ကပ်ကာပျော်တော်ဆက်သည်။ အပင်ပန်းမခံလိုဘဲ အလွယ်လမ်းကိုသာပျော်မွေ့သူဖြစ်သည်။ အလွင်အလုပ်လုပ်ရာ ကလပ်သည် နာမည်ကြီးရာ သူဌေးများလာရောက်အပျော်ရှာကြသည်။ ထိုအထဲတွင် Mr.James အား ‌ခနတိုင်း‌တွေ့ဖူးသော်လည်း ဧည့်ခံရန်တာဝန်မကျဘူးချေ။ ထိုလူကြီးအား ပျော်တော်ဆက်ရသူများမှာ ငွေရွှင်ကြသဖြင့် မျက်နှာပန်းလှကြသည်။ ထိုသူ့အတွက်ဆို အလုအယက် တာဝန်ပြုချင်ကြသူများသော်လည်း ထိုသူကတစ်ခါခေါ်ဖူးသူကိုသာ ထပ်တလဲလဲခေါ်ရာ အလွင့်ဖို့ရန်အလှည့်မကျ။ ဒါသည်ပင်ကံကောင်းခြင်းဟု ဆိုရလေမလားမသိ။

အလွင်၏အဖေသည် ထိုလူကြီး၏အိမ်တွင်အလုပ်ရကာ သူမတို့အားလုံး ဤအိမ်ကြီးသို့ရောက်ခဲ့ကြရသည်။ အလွင့်အားဘုရားကပေးတဲ့ ဆုပေလောဟုပင် သူမတွေးမိသည်ထိ ကျေနပ်ရသည်။ အမများမလုပ်ပေးချင်လျှင် အလွင့်အတွက်ပိုတောင်ကောင်းသေး၏။ Me.James၏ ကိစ္စအဝဝကိုဆောင်ရွက်ရန် သူမအလိုရှိပါ၏။ ထိုသို့နှင့် မြမြလွင်ခေါ် အလွင်သည် သူမထက်ဆယ်နှစ်ကျော်မကကြီးသော Mr.Jamesအား စွဲလမ်းခဲ့လေသည်။

နှစ်နှစ်ကျော်ကြာသောအခါ ...

ချက်ချာကာ လောဘဂုဏ်မက်သောဦးဘွဲ့မှုးသည် အလုပ်အားအင်မတန်ကြိုးစားလေသည်။ ထိုအခါ မစ္စတာဂျိမ်းမှာအကြိုက်တွေ့ကာ လူယုံလက်ထောက်အဖြစ်နေရာပေးသည်။ စက်ရုံအားဦးစီးခွင့်ပေးသည်။

MAYA (မာယာ)Where stories live. Discover now