Part 8 (Zawgi)

884 43 1
                                    




အချိန်ကား ညနေခြောက်နာရီတိတိဖြစ်၏။

အိမ်ရှေ့ဧည့်ခန်းမကြီးတွင် အပ်ကျသံမျှမကြားရအောင်တိတ်ဆိတ်နေသည်။ သို့သော် လူတစ်ဦးတစ်လေမျှမရှိ၍တော့မဟုတ်။ သေချာနားထောင်ကြည့်ပါလျှင် တစ်ယောက်မကသော လူအများထံမှစိုးရိမ်ပူပန်နေသော အသက်ရှူသံမျှင်းမျှင်းများကို ကြားနိုင်သည်။

ဆက်တီစားပွဲခြားထား‌သော ဆိုဖာတစ်ဖက်တစ်ချက်စီပေါ်တွင် လင်မယားငါးတွဲရှိနေပြီး သူတို့အနောက်တွင်သားသမီးများက မတ်တပ်ရပ်နေကြသည်။

အဝင်ပေါက်တစ်ဖက်တွင်တော့ အလုပ်သမားများအားလုံးစုကာ မျက်လွှာချလျက်ရှိကြသည်။

ထိုအလုပ်သမားများအထဲတွင်မာယာပါချေသည်။ သို့သော် မျက်လွှာတော့ချမထား။ အခြားသူများလို ကြောက်ရွံစိုးရိမ်နေဟန်မရှိဘဲ အမြဲတစေ လှပနေသောမျက်နှာလေးသည် တည်တည်ငြိမ်ငြိမ်သာရှိ၏။

ချောင်းဟန့်သံတစ်ချက်သည် တိတ်ဆိတ်နေသော လေထုကြီးကို များစွာကြီးစိုးသွားသည်။ လှေကားကြီးပေါ်မှ အကြီးခင်မာရီအကူအညီဖြင့် တွဲဆင်းလာသော ဘွားဒေါ်မြရာကိုမြင်သည်နှင့် ထိုင်နေသူများကမတ်တပ်ရပ်လိုက်ကြပြီး ရပ်နှင့်နေသူများက ခန္ဓာကိုယ်ကိုပိုကြုံ့ကာ ရိုသေသမှုကိုပြရသည်။

ဘွားဒေါ်မြရာသည် ထိပ်ဆုံးရှိ သီးသန့်နေရာတွင်ဝင်ထိုင်ပြီးသည်နှင့် အားလုံးကို တစ်ချက်ဝေ့ဝဲကြည့်သည်။

'ငါဘာကြောင့် လူစုခိုင်းလဲသိလားဟေ့'

အသံသည်မာထန်မနေသော်လည်း ‌မပျော့။

အသက်ကြီးပြီဖြစ်သော်လည်း အာဏာမှယုတ်လျော့မသွားသေး။ တစ်အိမ်သားလုံးအပေါ် ဩဇာလွှမ်းမိုးနိုင်ဆဲဖြစ်၏။

သူတို့အားလုံးဆီမှ အသံထွက်မလာသော်လည်း ခေါ်ရခြင်းအကြောင်းကိုတော့ သူတို့သိထားကြသည်။ ထို့အပြင် အပြစ်ပေးခံရတော့မည်ဆိုတာကိုရောပေါ့။

'ငါချထားတာစည်းကမ်းတွေကို မေ့ထားကြပြီပေါ့ အဟင်းဟင်း...မင်းတို့တွေက ဒီအဘွားကြီးကို အာခံချင်ကြပြီပကိုး '

MAYA (မာယာ)Where stories live. Discover now