Part 17 (Uni)

2.6K 284 4
                                    

ဘွဲ့အိမ်တော်ရှိ ဧည့်ခန်းမကြီး၌ လူစုံလျက်ရှိသည်။ လှိုင်းဘွဲ့ပြန်လာမှာကိုသိထားကြသဖြင့် အလုပ်စောဆင်း၍ အိမ်ပြန်လာကြသူများသည် တစ်ယောက်ပြီးတစ်ယောက်တဖွဲဖွဲရောက်ရှိလာကြသည်။ ဒေါ်အေးအေးရာမှာလည်း အပြင်သွားနေရာမှ ရာဦးသန့်ရောက်နေတယ်ဆိုသည့် သတင်းကြောင့် အမြန်ပြန်ရောက်လာသလို ဒေါ်မြမြခင်မှာလည်း သူ့သားနှင့်မာယာတို့၏ကိစ္စကြောင့် အမြန်ပြန်ရောက်လာသည်။

'ပြန်စဉ်းစားပါအုံးလားမာယာ'

ပိုးသဒ္ဓါ မာယာ့လက်အားဆုပ်ကိုင်ကာ ခပ်တိုးတိုးမေးသော်လည်း ဆုံးဖြတ်ထားပြီးဖြစ်သောသူထံမှ အပြုံးတစ်ခုကိုသာ လက်ဆောင်ပြန်ရလေသည်။

'ဘွား သမီးနားတော့မယ်'

'အေးအေး နားတော့ ညကျဘွားဆီခနလာခဲ့အုံး
ကဲငါလဲ အပေါ်တက်တော့မယ် ..မာရီငါ့ကိုတွဲစမ်း'

ဘွားဒေါ်မြရာသည် လှိုင်းဘွဲ့ခွင့်တောင်းသံအဆုံး၌ ထ၍အပေါ်သို့တက်သည်။ လှိုင်းဘွဲ့သည် မာယာ့လက်ကိုဆွဲကာ ဘွားနောက်မှလိုက်လာသည်ကို မသိချင်ယောင်ဆောင်သည်။ စောနကဘာမှမဖြစ်ထားသကဲ့သို့။

မာယာက ပိုးကိုတစ်ချက်ကြည့်ကာသာနှုတ်ဆက်သွားပြီး သူ့ရဲ့လှိုင်းခေါ်ရာ ဘယ်ကမ်းစပ်မဆိုလိုက်တော့မည့်ပုံစံဖြင့် ပါသွားသည်။ နောက်တွင် မည်သူတွေဘယ်လိုဘယ်ပုံဖြစ်ကျန်ခဲ့သည်ကို နည်းနည်းမျှမကြည့်။ စိမ်းသက်သည့်အိမ်တွင် မနေနိုင်တော့သဖြင့် ပိုးထပြန်ခဲ့တော့သည်။ ဒီလိုမှန်းသိရင် အစထဲက အိမ်ထဲဝင်မလိုက်လာဘဲ ခပ်ဝေးဝေးကနေပဲငေးကြည့်နေခဲ့ပါတယ် မာယာရယ်။

အခန်းတွင်းရောက်သည်နှင့် လှိုင်းသည်တံခါးကိုလော့ချကာပိတ်လိုက်သည်။ ငါးနှစ်ကျော်ဝေးခဲ့ရသည့်သူနှင့် ငါးနှစ်တာခွဲခွာခဲ့ရသည့်အခန်းသည် အခုတော့သူ့ရှေ့မှာရောက်လို့နေပြီ။ ထင်ထားသလောက်တော့ အမောမပြေပါ။ အိမ်ထဲဝင်ဝင်ချင်း ဆီးကြိုလိုက်သည့်မြင်ကွင်းက ရင်နာစရာအတိ။ မာယာ့လက်တို့အား တစ်ယောက်တစ်ဖက်ပိုင်စိုးပိုင်နင်း ဆွဲကိုင်ထားကြသည့်မြင်ကွင်း ဒေါသအလိပ်လိပ်ထွက်စေသည်။ သို့သော် သူနဲ့ပဲအတူနေပါ့မယ်ဆိုတဲ့ မာယာ့စကားအောက်တွင် သူမအရည်ပျော်ကျသွားရပြန်သည်။ ကျေနပ်သွားရပြန်သည်။ မာယာကအဲ့လို တစ်ခနလေးအတွင်း တစ်ဖက်လူကို ပြောင်းလဲပြစ်နိုင်သည့်လူစား။

MAYA (မာယာ)Where stories live. Discover now