Part 15 (Uni)

2.5K 290 0
                                    

အပိုင်း ၁၅

'မမလေးလှိုင်းဘွဲ့က နောက်အပတ်ထဲပြန်လာတော့မယ်တဲ့'

'ဟယ်ဟုတ်လား'

ပန်းကန်ပြားတွေရေသုတ်ရင်း ပြောနေသော ကောင်မလေးနှစ်ယောက်၏စကားများကြောင့် မာယာပန်းသီးအခွံနွှာစိတ်နေရင်းမှ ဓားကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိသွားသည်။

အာ့....

'မာယာ ရရဲ့လား ရေသွားဆေးလိုက်ပြီးရင် သွားတိုက်ဆေးလေးဘာလေးသိပ်ထားလိုက်'

'ရတယ်ရတယ် ငါဘာမှမဖြစ်ဘူး'

လက်ညိုးနဲ့လက်ခလယ်နေရာတွင် ဖြတ်ကာရှသွားသော ဓါးရာသည် မာယာ့အတွက်နာကျင်မှုမမည်သော အသေးစားထိခိုက်မှုလေးသာ။ တကယ်ပဲ လှိုင်းဘွဲ့ပြန်လာတော့မည်ပေါ့။ မာယာအနှစ်နှစ် အလလကစောင့်ဆိုင်းနေခဲ့ရသည့် မာယာက နောက်အပတ်ထဲမှာ ပြန်လာတော့မည်တဲ့။

မာယာထိုင်နေကာမှထကာ နီရဲရဲသွေးများထွက်နေသော လက်ကို လက်ဆေးစင်တွင် ရေပိုက်ဖွင့်ချကာဆေးကြောလိုက်သည်။ နီရဲရဲသွေးများက စင်ကြယ်သောအဖြူရောင်ရေအာက်တွင် တဖြည်းဖြည်းနည်းပါးသွားကြသည်။ နောက်ဆုံးတွင် အနီရောင်သွေးများကွယ်ပျောက်ကာ သန့်စင်သောအဖြူရောင်ရေများကသာ လွမ်းမိုးလို့သွားသည်။

နောက်ဆုံးကျန်ခဲ့သည်မှာ ဒဏ်ရာနှင့်လက်တစ်စုံသာ။

အပြစ်တင်ရန်မှာ မတော်တဆပြုမိသူမာယာလဲမဟုတ်၊ ထိခိုက်စေခဲ့သော ဓါးသွားလဲမဟုတ်ပြန်။

နောက်ဆုံးတွင်အပြစ်မဲ့သော လက်သည်သာ မြေစာပင်တစ်ခုသဖွယ်ဖြစ်ခဲ့ရသည်။

မာယာကတော့ထိုသို့မသတ်မှတ်လိုက်နိုင်ပါ။ တစ်ပါးကိုအာရုံစိုက်နေခဲ့သော မာယာ့အတွေးတို့သည်လည်း အပြစ်ရှိ၏။ ထို့အတူ ထိခိုက်စေသော ဓားသည်လည်း အပြစ်ရှိ၏။ နှစ်မျိုးစလုံးကိုမာယာခွင့်မလွှတ်နိုင်ပါ။ခံခဲ့ရသူကခံခဲ့ရပြီး သူတို့က‌တော့ ဘာမှမဆိုင်သလို အေးဆေးနေနိုင်နေကြသည်။

ဖြစ်သင့်ပါရဲ့လား။
လှိုင်းနင်ရောဖြစ်သင့်တယ်ထင်ရဲ့လား။

'မမမာယာ မမမာယာ'

'ဟင်...အင်း သော်သော်ပြော ဘာလဲ'

MAYA (မာယာ)Where stories live. Discover now