ဇာတ်သိမ်းပိုင်း (Zawgi)

1.2K 51 0
                                    

ဇာတ်သိမ်းပိုင်း

တို့နှစ်ယောက်ချစ်သူတြွေဖစ်သွားကြပြီနော်ဆိုတဲ့စကားမျိုး နှစ်ယောက်ကြားမှာမရှိခဲ့ကြပေမယ့် လမ်းခွဲကြမယ်ဆိုတဲ့စကားကိုတော့ တရားဝင်ပြောလိုသည်။ သေချာချင်လို့။ တစ်နည်းအားဖြင့် ဖမ်းဆွဲထားမလားဆိုတဲ့မျှော်လင့်ချက်မျှင်မျှင်လေး ရှိနေလို့။

လမ်းခွဲတိုင်းက ဝမ်းနည်းစရာမကောင်းပါဘူး။ အခုပဲကြည့်ပါလေ။ မာယာကပြုံးတောင်ပြုံးနေနိုင်သေးတာပဲ။

"အင်းလမ်းခွဲကြမယ်"

မိုးသံများကြားမှာ မာယာ့အသံက အဆွေးဓာတ်အနည်းငယ်တောင်မပါ။ ပြတ်သားစွာထွက်ပေါ်လာသည်။ မာယာ့စကားအဆုံးတွင် ပြတင်းမှခွာကာ အိပ်ရာပေါ်ရှိပစ္စည်းအချို့ကိုသိမ်းဆည်းလိုက်သည်။ များလွန်းသည့်ပစ္စည်းတွေက ဘယ်နေရာကစလို့ သိမ်းရမှန်းမသိ။ ဘာတွေမျှော်လင့်ပြီးတော့များ လှိုင်းဘွဲ့ဒီတိုင်းထိုင်နေမိခဲ့သလဲ။

လှိုင်းဘွဲ့အတွက် ပစ္စည်းသိမ်းရတာလောက်ခက်ခဲတဲ့အလုပ်မရှိ။ နေ့အနည်းငယ်ထဲက ပစ်စလက်ခတ်ဖြစ်နေသောပစ္စည်းများကိုလည်း သိမ်းဖို့ရန်ဆန္ဒမရှိတော့။ အိပ်ရာခေါင်းရင်းတွင်ရှိနေသော ဖုန်းကိုယူကာ ဗီရိုထဲမှမိုးကာကိုထုတ်လိုက်သည်။ သို့သော် ထိုမိုးကာ လှိုင်းဘွဲ့လက်ထဲရောက်မလာခင် မာယာကဖြတ်ယူလိုက်သည်။

လှိုင်းဘွဲ့စကားအပိုမဆိုချင်တော့သဖြင့် မိုးကာအင်္ကျီမယူတော့ဘဲ နောက်ဆုံးအနေဖြင့်မာယာ့ကိုကြည့်မိသည်။ စောနကလိုပြုံးမနေတော့ဘဲ တည်တံ့နေသယောင်ရှိသည့်မျက်ဝန်းတွေက တားဆီးချင်နေတဲ့အရိပ်ယောင်တွေ။ အဲ့ဒီမျက်ဝန်း‌တွေကို မဖတ်တတ်ချင်တော့ဘူး။ ဖတ်မိဖို့မကြိုးစားချင်တော့ဘူးမာယာ။

လမ်းခွဲခြင်း၏နောက်တွင် ကျောခိုင်းခြင်းကကပ်လျက်ရှိနေသည်မဟုတ်လား။ အောင့်တက်လာသော ရင်ကိုနောက်ဆုံးအပြုံးတစ်ချက်ဖြင့် ဖုံးကွယ်ရင်းကျောခိုင်းလိုက်သည်။

"လှိုင်း..."

ခါးပေါ်ရောက်ရှိလာသော လက်ကိုဖယ်ချပစ်ဖို့ အားတွေရှိမနေပြန်ဘူး။

MAYA (မာယာ)Waar verhalen tot leven komen. Ontdek het nu