Part 14 (Zawgi)

803 37 0
                                    




ငါးနှစ်ကျော်ကြာပြီးနော်....

'ပိုး မဟုတ်ဘဲနဲ့လျှောက်လျှောက်ပြောနော်
တော်ကြာ ခဲနဲ့လှမ်းထုနေမယ်'

ခင်တာကြာလာတာနဲ့အမျှ အဘွားကြီးအိုပေါက်စလို မျက်စိထဲသဘောမတွေ့သမျှ အကုန် တတွတ်တွတ်နဲ့ပေါက်ပေါက်ဖောက်တတ်သူအား ပိုးသဒ္ဓါ စိတ်မဆိုးနိုင်ပါလေ။ အခုလဲ လမ်းဘေးတွင်ဈေးရောင်းနေသော ကွမ်းယာသည်ကောင်လေးအား ပိုးကကား‌ပေါ်ကနေ လှမ်းစလိုက်သည်ကို မာယာက ပြောနေခြင်းဖြစ်သည်။

ပိုးနှင့်မာယာသည် ကျောင်းပြီးသွားသည့်တိုင် အဆက်အသွယ်မပြတ်ကြသေး။ ပိုးသည်ဒယ်ဒီကုမ္ပဏီတွင်အလုပ်ဝင်နေပြီဖြစ်သော်လည်း မာယာမှာထိုအိမ်၌ပင် အလုပ်ကျွေးပြုနေမြဲ။ ပိုးမကြိုက်သော်လည်း မာယာကပြောလို့မရပြန်။ အရင်လိုနေ့တိုင်းမတွေ့ဖြစ်ကြ‌ပေမယ့် တစ်ပတ်တစ်ခါတော့ မာယာ့ကိုအိမ်ပြင်ထွက်ခွင့်ရအောင် ပိုးသွားကြိုလေ့ရှိသည်။ ထိုအခါမျိုးတွင် ဘွဲ့အိမ်တော်က ကြည်ကြည်ဖြူဖြူနှင့် ထည့်သလားဆိုတော့လည်းမဟုတ်။ သွားကြိုတိုင်းလည်း လွတ်တာမဟုတ်တော့ တွေ့ရချိန်တိုင်းတွင် ပိုးမာယာ့ကို အကြာကြီး သူ့နားမှာဆွဲထားဖြစ်သည်။

'လှိုင်းသံယာဘွဲ့က ပြန်မလာသေးဘူးတဲ့လား မာယာ'

'ဟင် အင်း'

သံရှည်ဆွဲကာ ဆိုလိုက်သောအင်းမှာ မျှော်လင့်ချက်အရိပ်ရောင်တို့ကို တွေ့နေရသည်။ ချက်ချင်းလိုလိုပင် မျက်ဝန်းလဲ့ပြာပြာတို့က ညိုးငယ်သွားသည်မို့ မေးမိလိုက်သော ကိုယ့်ပါးစပ်ကိုယ်ပင် ပိုးပိတ်ရိုက်ချင်သွားသည်။ တွေ့ရချိန်လေးမှာ ပျော်ပျော်‌နေရမယ့်အစား ဘာကြောင့်များ လှိုင်းသံယာဘွဲ့အကြောင်းကို မေးမိလိုက်သည်မသိ။

'ငါမသိပါဘူးပိုးရယ်... သူကငါနဲ့မှအဆက်သွယ်မလုပ်ချင်ပဲ'

မာယာပြောတာဟုတ်သည်။ အင်တာနက်ခေတ်၊ ဖုန်းခတ်ကြီးမှာ အလွယ်တကူဆက်သွယ်လို့ ရနိုင်ရက်နဲ့ မဆက်သွယ်ခြင်းက တစ်ခုပဲရှိသည်။ မာယာပြောသလို သူကိုယ်၌ကမဆက်သွယ်ချင်လို့။

'ကျုံးဘေးမှာ ခနလောက်လေညင်းခံရအောင်လား'

'ဟင့်အင်း အိမ်ကိုပဲပို့ပေးတော့ ပိုး ထွက်လာတာကြာနေပြီ တော်ကြာနေအိမ်တံခါးဖွင့်မပေးပဲနေပါ့မယ်'

MAYA (မာယာ)Where stories live. Discover now