Part 1 (Zawgi)

2.1K 61 0
                                    

ခြံဝင်းကျယ်ကြီးနှင့် ကြီးမားသောနှစ်ထပ်တိုက်အိမ်ကြီးသည် ခန့်ညားထည်ဝါသည့်အလျောက် ထိုအိမ်တော်တွင် နေထိုင်ကြသူများမှာလည်း မျိုးရိုးမြင့်မြတ်သော အခြားသူများနှင့်အနည်းငယ်ကွဲထွက်နေသော လူတန်းစားတစ်ရပ်ဖြစ်လေသည် ။ အိမ်‌တော်ကြီးတွင် နေထိုင်သောလူဦးရေသည် ငါးဆယ်ခန့်ရှိပြီး အိမ်တော်၏မိသားစုဝင်ဦးရေသည်ပင်လျှင် အယောက်၂၀ရှိလေသည်။

ထိုစံအိမ်တော်၏နာမကား ‘ဘွဲ့’မည်၏။

အိမ်ကြီး၏အရှင်သခင်မကား အသက်၆၀အရွယ် ဘွားဘွားဒေါ်မြရာဖြစ်၏။ အဘွားတွင်သမီးခြောက်ရှိပြီး သမက်ငါးယောက်ရှိ၏။ အကြီးဆုံးသမီးတစ်ယောက်သာ တစ်ကိုယ်တည်းသမားဖြစ်ပြီး ကျန်သူများကအိမ်ထောင်ကိုယ်စီနှင့်ဖြစ်လေသည်။

မိသားစုဝင်အားလုံးဘွဲ့အိမ်တော်တွင်သာနေရပြီး သားမြေးများဖြင့် အိမ်တော်ကြီး၏ မိသားစုကားအတော်ကြီးလေသည်။

ဘွားဒေါ်မြရာသည် သမီးများကြီးမွေးထားသည်ဖြစ်ရာ သားအလွန်မက်လေ၏။ ထိုအခါသားမက်များအား သူ့စိတ်ကြိုက်သူ့သဘောကျရွေးချယ်ထားသဖြင့် ဘွားမြရာ၏ အမိန့်အောက်ကရုန်းမထွက်နိုင်သော သားမက်အလိမ္မာများပင်ဖြစ်ကြသည်။

သို့သော် သား မက်သောအဘွားကြီးသည် မြေးအလှည့်တွင်တော့ မြေးမကိုအလွန်လိုချင်ခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် သမီးလေးယောက်လုံးက သားများချည်းမွေးလာသောကြောင့် ဖြစ်ချေသည်။ ကိုယ်တိုင်အလှည့်တုန်းကကျ သားမရခဲ့ပါဘဲ သမီးတွေအလှည့်ကျမှ သားတွေချည်းမွေးလာပြန်တော့လည်း ဘွားမြရာသည် အစကပျော်ပေသည့် မြေးမလေးတစ်ယောက်လောက်တော့ လိုချင်လာပြန်ပါရောလား။

ထိုအခါ ဘွားဒေါ်မြရာသည် အငယ်ဆုံးသမီးအား မိန်းကလေးမွေးရမည်ဟုပင် အမိန့်ထုတ်ခဲ့ပြီး ကိုယ်တိုင်လည်း ဗေဒင်ယတြာမျိုးစုံလုပ်စေကာ မြေးမအားဆုပန်ခဲ့လေသည်။ ဘွားဒေါ်မြရာ၏ဆုတောင်းသည် ပြည့်သည်ဟုပင်ဆိုရမည်။ ထိုအိမ်တော်တွင် ဗိုလ်ကျအနိုင်စွဲမည့် မြေးမလေးမွေးဖွားလာခဲ့ရာ တစ်အိမ်လုံးကို ဖူးဖူးမှုတ်ကာ အလိုလိုက်စေသည်။

MAYA (မာယာ)Kde žijí příběhy. Začni objevovat