Part 5 (Zawgi)

969 48 0
                                    

အပိုင်း ၅

ရာသီတွေတရွေ့ရွေ့ပြောင်းလဲလာသကဲ့သို့ မာယာတို့နေထိုင်ရာ ဘွဲ့အိမ်တော်ကြီးတွင်လည်း လှပသောပြောင်းလဲမှုများ ဖြစ်တည်လာလေသည်။

မာယာသည် ဤအိမ်တော်ကြီးသို့စရောက်ခါစကလို လေးနှစ်သမီးအရွယ်တအိအိငိုတတ်သော ပေတူးမလေးမဟုတ်တော့ချေ။

၁၂နှဈဆိုသောအချိန်သည် လူတစ်ယောက်အား မမှတ်မိနိုင်လောက်အောင် ပြောင်းလဲဖို့ရာတတ်နိုင်ချေရုံသာမက အများ၏မိမိအပေါ်ထားရှိသောအမြင်တို့ကိုပါပြောင်းယူပစ်နိုင်လေသည်။

ယခင်ကလိုမာယာ့အား အိပ်ရာထရန်အကြီးပြုံးလာနိုးစရာ မလိုတော့ချေ။ မနက်၅နာရီထိုးသည်နှင့် မာယာမျက်လုံးတို့အလိုလိုပွင့်နေချေပြီဖြစ်ကာ မျက်နှာသစ်ရင်း ခြေလက်သန့်စင်ရလေသည်။

ဘေစင်ရှိမှန်ပေါ်တွင်ပေါ်နေသော ပုံရိပ်လေးသည် မနက်ခင်း၏သဘာဝအလှတရားတို့ကို သာလွန်ကာ သက်ရှိတို့ကိုကျော်လွန်၍ဖြစ်တည်သလား အောက်မေ့ရသော နှိုင်းပြ၍မမှီ စာဖွဲ့၍မတည်နိုင်သည့် သဏ္ဍန်ရုပ်သွင်လေး တစ်ခုဖြစ်၏။

မထူးမပါးမျက်ခုံးတစ်စုံ၏အောက်တွင် အစိပ်စိပ်ပေါက်ရောက်နေသော မျက်တောင်လေးများက ရေကြည်ရာတွင် နေပျော်ကြသကဲ့သို့။ မျက်ဆံပြာလဲ့လဲ့လေးတို့က အမြဲတစေကြည်လင်နေတတ်ကာ တစ်ခါတစ်ခါပြုံးယောင်သမ်းနေတတ်သလို တစ်ခါတစ်ခါတွင် ညို့ငင်နေတတ်ပြန်၏။

စင်းကော့နေသော နှာတံသွယ်သွယ်လေးသည် လက်ရာမြောက်ထုဆစ်ထားသော ရုပ်ကြွလေးနှယ်။

ပန်းသွေးရောင်နှုတ်ခမ်းသားတို့ကို ပုံဖော်သူသည်လည်း နှောက်မကျန်စေရ။ အစိတ်အပိုင်းတစ်ခုချင်းစီက ခြွင်းချက်မရှိ ပြည့်စုံသော အသွင်သဏ္ဍန်ကို ဖော်ဆောင်နေလေသည်။

ဖြူသောအသားရေဆိုသည်ထက် ကြည်လင်သောအသားအရေဟု သုံးနှုန်းပါက ပို၍သင့်လျော်မည်ထင်၏။ ဘုရားဟောတဲ့ ကောင်းခြင်းငါးဖြာထဲမှအရေ၏ကောင်းခြင်း တစ်မျိုးနှယ် ရေသောက်လျှင်တောင် အကြောလေးများအစမြင်နိုင်သည်ဆိုရန်ကောလား။

ပြစ်မျိုးမှဲ့မထင်သော လောကကြီး၏ရုပ်ဆင်းအင်္ဂါလက်ဆောင်ကို ပိုင်ဆိုင်ထားသူသည် စိတ်သဘောထားမှာလည်း ပြည့်ဝလွန်းနေပြန်၏။

MAYA (မာယာ)Where stories live. Discover now