Part 4 (Uni)

3K 343 0
                                    

အပိုင်း ၄

'မာယာ အဲ့တာတွေသေချာကောက်သိမ်းလိုက်'

'ပြီးရင် အမှိုက်ပစ်ရမယ့်နေရာကိုပြောပြလိုက်နော် မော်မော်'

မနက်စာစားပွဲမှ တစ်ယောက်ပြီးတစ်ယောက်ထသွားသည်များကို မာယာမြင်ရသည်။ ရာဦးသန့်တစ်ယောက်သာ မထွက်သွားဘဲ မာယာ့နားတွင်လာထိုင်ကာ အတူဝိုင်းကောက်ပေးနေသည်။

ဖန်ခွဲစများကို မာယာသေချာမမြင်ရ။ မျက်ရည်စများရောနေသော ဖန်ခွဲစသည် လက်ချောင်းသေးသေးလေးများအား ထိခိုက်ရန်လွန်စွာလွယ်ကူသည်။ ထိုအခါ အနီရောင်သွေးစများပါ စစ်ကူလာကြသည်။

ဆာလောင်နေသောဗိုက်၊ နာနေသောလက်ချောင်း ၊တစက်စက်ကျနေသော မျက်ရည်တို့ကို စာနာစွာကူညီပေးနေသူမှာ ရာဦးသန့်မှတစ်ပါးအခြားမရှိခဲ့။

'မာယာမလုပ်နဲ့‌တော့နော် ကိုကိုသိမ်းလိုက်မယ်'

မာယာ့လက်ချောင်းမှသွေးစများကိုကြည့်ကာ အသံထွက်၍ငိုမိတော့သည်။

'ဟယ် ဒီကလေးမ ဘာမှခိုင်းစားမရပါလား လက်ကိုထိသွားပြန်ပြီ တစ်ယောက်သွားစမ်းလက်ဆေးပေးပြီး တစ်ခုခုနဲ့စည်းပေးထားလိုက်'

'သားရာသန့်ကရော ဘာလုပ်နေတာလဲ သွားအပေါ်တက် ဒါတွေသားလုပ်ရမယ့်အလုပ်မဟုတ်ဘူး'

လက်ချောင်းတွင် အနာဂတ်ပလာစတာကပ်ထားကာ မျက်ရည်ပလပွဖြင့် အခန်းထဲဝင်လာသော မာယာ့အား လှိုင်းဘွဲ့ကြည့်နေမိသည်။ သို့သော် ဘာလုပ်ပေးရမယ်မှန်းမသိ။

'အီးဟီးး လှိုင်းဘွဲ့ လက်..ငါ့လက်နာတယ်'

'နင့်လက်က ဘာဖြစ်လာတာလဲ'

သူ့လက်အား ထိုးပြကာ နာတယ်ဟုပင်ဆက်တိုက်ပြော၍ငိုနေသူအား ဘယ်လိုချော့ရမလဲလှိုင်းဘွဲ့မသိသဖြင့် အရင်နေ့ကမာယာလိုချင်နေသော ကြိုးသိုင်းဂါဝန်လေးအား ဗီရိုထဲမှသွားထုတ်ယူလိုက်သည်။

'ငါနင့်ကိုဒါပေးမယ် မငိုနဲ့တော့နော် တိတ်တော့'

'အီးဟီးးလက်နာအောင် လှိုင်းဘွဲ့လုပ်တာ'

သူလုပ်တာမှားသွားမှန်း လှိုင်းဘွဲ့သိလာသည်။ သူ့ကြောင့်တခြားသူတွေငိုတာမြင်တိုင်း စိတ်ထဲအနည်းငယ်မတင်မကျဖြစ်သလိုရှိသည်မှလွဲ တခါမှလိုက်မချော့ဘူးချေ။ မာယာကကျ သူ့ထက်ငယ်၍လားမသိ လှိုင်းဘွဲ့မာယာ့ကို အနည်းငယ်သနားသည်။ ထို့ကြောင့် မာယာစိတ်ကျေနပ်အောင် လိုက်ချော့ပေးခြင်းဖြစ်သည်။

MAYA (မာယာ)Where stories live. Discover now