Part 11 (Uni)

2.7K 313 6
                                    


'ဟိုနေ့ကပြောခဲ့တာအတွက် ငါတောင်းပန်တယ်မာယာ...'

ဘယ်သောအခါမှတောင်းပန်စကားကို လွယ်လွယ်မဆိုတတ်သူထံမှ အခုတလောဆက်တိုက်ဆိုသလို တောင်းပန်စကားတို့ ထွက်ကျလာတတ်သည်။

တကယ်ကတောင်းပန်စရာမလိုဘူးလှိုင်း။
ငါကိုကနင့်ကိုဆိုရင် ဘာလုပ်လုပ် စိတ်မဆိုးနိုင်လောက်အောင် ခွင့်လွတ်ထားပြီးသားဖြစ်နေတာ။

သို့သော်လှိုင်းဘွဲ့ပုံစံက ထိုအမှားတစ်ခုထဲအတွက်တောင်းပန်နေခြင်းနှင့်မတူ။ တခြားအမှားပေါင်းများစွာကို မာယာမသိအောင်လုပ်ထားသေးလို့ တောင်းပန်နေပုံနှင့်တူသည်။ ထိုအခါ ခွင့်လွတ်တယ်ဆိုသောစကားကို မာယာလွယ်လွယ်ပြန်မပြောရဲသေး။

ဒီရက်ပိုင်းတွေအတွင်း လှိုင်းပြောထားသည့်အတိုင်း အကိုလေးတွေနှင့်ထိပ်တိုက်ရင်မဆိုင်မိအောင်
မာယာအတတ်နိုင်ဆုံးရှောင်သည်။ နောက်လှည့်မရသည့်အခြေအနေမျိုးတွင် စကားစကိုအမြန်ဖြတ်ကာ မအားကြောင်းအကြောင်းပြသည်။ ကိုယ့်အပေါ်လွမ်းမိုးတာမျိုးမကြိုက်သည့်တိုင် လှိုင်းဘွဲ့စကားကိုဆို မာယာအလိုလိုနာခံချင်နေမိတာ။

အခုတလောဘွားဘွားကြီးနှင့်လည်း သွားမတွေ့ဖြစ်။ ယခင်ကဆို မာယာလိုချင်တာတစ်ခုရှိတိုင်း ဘယ်သူမှမသိအောင် ဘွားနှင့် ကစားပွဲတွေကစားလေ့ရှိသည်။ အရင်ပွဲမှာ အစပိုင်းအထိဘွားနိုင်နေခဲ့ပေမယ့် ကိုကြီးမာန်ထက်ကြောင့် ကစားပွဲရလာဒ်ပြောင်းသွားခြင်း။

ဘွားကလည်း သူ့ကို‌ခေါ်တွေ့တာမျိုးမရှိသေး။
ဘာတွေစီစဉ်နေသည်တော့ မာယာခန့်မှန်းမရ။

'မနက်ဖြန် ငါနဲ့အပြင်သွားရအောင် နင့်ကိုအဝတ်အစားအသုံးအဆောင်တချို့လဲ ဝယ်ပေးချင်လို့မာယာ... ပြီးတော့နင်သွားချင်တဲ့နေရာရှိရင်လဲ လိုက်ပို့မယ်'

အပြင်ထွက်ရတာမကြိုက်တဲ့သူက ဒီစကားတွေဘာလို့ပြောနေရတာလဲ။

'မလိုဘူးလှိုင်းဘွဲ့...ငါမှာဝတ်စရာတွေရှိတယ်'

'ငါသိတယ် နင်အပြင်မထွက်ရတာကြာပြီလေ ငါလိုက်ပို့ချင်လို့ပါ...'

MAYA (မာယာ)Tempat cerita menjadi hidup. Temukan sekarang