Part 30 (Uni)

2.6K 277 1
                                    

အပိုင်း ၃၀

၁၉၉၆ခုနှစ်၊ မန္တလေးမြို့။

မစ္စတာဂျိမ်းသည် ဦးဘွဲ့မှူး၏အကြံစည်များအား မရိပ်မိရလောက်အောင်ထိ မအချေ။ အစတွင်မူသူဘွဲ့မှူးအားလျော့တွက်ခဲ့မိသည်။ တဖြေဖြေးနှင့်လုပ်ပုံကိုင်ပုံများကအမြော်အမြင်ရှိနေသောအခါ သတိထားစောင့်ကြည့်ခိုင်းထားရတော့သည်။ မဟာအိမ်တော်ကိုအပိုင်စီးရန်ကြိုးပမ်းနေမှုကိုလည်းသိ၏။ မစ္စတာဂျိမ်းအနေဖြင့် မဟာအိမ်တော်လောက်ကိုမမှုပါချေ။ သို့သော် ဘွဲ့မှူးဆိုသောသူပစားထားသောကောင်က ထိုမျှနှင့်မကျေနပ်သေး။ သူ့စီးပွါးကိုပါထိပါးရန်ကြံစည်နေပြန်သည်။

"ဆရာ အဲ့လူကိုကျွန်တော်ရှင်းပစ်လိုက်ရမလား "

"နေအုံး "

မစ္စတာဂျိမ်းသည် သူ့လက်စွဲ‌တော်တပည့်အား လက်ကာပြလိုက်သည်။

"သူကြိုးစားပါစေအုံး ဘယ်လိုတွေလုပ်လာမလဲ စောင့်ကြည့်ချင်သေးတယ် "

စီးကရက်ကိုဖွာရင်း ရယ်ကြဲကြဲပြောပုံက မစ္စတာဂျိမ်းသည် ဦးဘွဲ့မှူးကို ပျော်စရာတစ်ခုကိုကစားနေသလိုရှိ၏။

"ညီမင်းကိုလွှတ်ပြီး ဘွဲ့မှူးကိုသွားပြောခိုင်းလိုက် ဟိုတစ်ခါကမူယာဆိုတဲ့ကလေးမဒီည‌ထပ်ခေါ်လာခဲ့လို့ "

"ဟုတ်ကဲ့ဆရာ "

မစ္စတာဂျိမ်းသည် မန္တလေးရောက်သည်မှာတစ်ပတ်ရှိပြီဖြစ်၏။ သည်တစ်ခေါက်တွင်တော့ ကြာကြာနေပြီး ဘွဲ့မှူးလုပ်နေသည်များကို စောင့်ကြည့်ချင်သေးသည်။ မစ္စတာဂျိမ်းသည် သူ့တပည့်ကိုခိုင်းစရာရှိသည်များခိုင်းပြီးနောက် ‌သီးသန့်အပန်းဖြေရာ ရေကူးကန်၌ရေကူးပြီး ဒရင်းဘက်တစ်လုံးဖြင့် ဇိမ်ခံနေလေသည်။

"ဆရာ.. "

"ဘာလဲ "

မစ္စတာဂျိမ်းသည် မှိန်းနေရာမှမျက်လုံးမဖွင့်ဘဲ ပြန်မေးလိုက်သည်။

" မြမြလွင်ဆိုတဲ့တစ်ယောက်က ဆရာ့ကိုတွေ့ချင်လို့တဲ့ "

" ငါနားနေတာမင်းမမြင်ဘူးလား "

" ဟုတ်ကဲ့သူကအရမ်းအရေးကြီးလို့ပါဆိုပြီး တရတွန်းပြောနေလို့ပါဆရာ "

MAYA (မာယာ)Where stories live. Discover now